June 6, 2024

စစ်အာဏာသိမ်း (၁၂၂၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၂၃၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန် ၇ AAPP ရဲ့ ဇွန် ၆ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၂၂၂) ရက်အတွင်း ပြည်သူ (၅၂၃၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၈၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၅၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

ကုန်သွယ်ရေးလမ်းပိုင်း ပျက်စီးမှုကြောင့် ထိုင်းကုန်စည်စီးဆင်းမှုနှောင့်နှေး

မြဝတီ၊ ဇွန် ၇ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ မိုးရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုတွေ ရှိလာတဲ့အတွက် ထိုင်းကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးကို တိုက်ပွဲတွေကြောင့် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားတဲ့အတွက် ထို့ကော်ကိုးလမ်းပိုင်းနဲ့ အရင်လမ်းဟောင်းတွေကို ပြန်လည်အသုံးပြုနေရတာပါ။ အဲဒီလမ်းပိုင်းတွေကလည်း မိုးရွာသွန်းမှုကြောင့် ကားလမ်းဆိုးဆိုးဝါးဝါး ပျက်စီးလာတာ၊ မြေကျွံတာ၊ ဗွက်ထပြီး လမ်းချောတာတွေအပြင်…

KIA ထိန်းချုပ်နယ်မြေမှာ အခြေခံပညာကျောင်းပေါင်း ၂၀၀ ကျော် တိုးချဲ့ဖွင့်လှစ်

လိုင်ဇာ ၊ ဇွန် ၇ အခုပညာသင်နှစ်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျောင်းပေါင်း ၂၀၀ ကျော် တိုးချဲ့ဖွင့်လှစ်ဖို့ ရှိနေတဲ့အတွက် ပညာရေးဌာနမှာ အခြေခံပညာကျောင်းပေါင်း ၄၅၀ နီးပါးအထိ ရှိလာတယ်လို့ KIA ကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှာ ကချင်လွတ်လပ်ရေးတပ်တော် KIA ထိန်းချုပ်နယ်မြေအ တွင်း…

ရေးမှာ စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိသားစုဝင် ၅ ဦး ဒဏ်ရာရ

ရေး၊ ဇွန် ၇ မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာ ကားဆိပ်ရပ်ကွက်ထဲ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၁၇ အမြောက်တပ်ကနေ တိုက်ပွဲမရှိဘဲ မော့ကနင်းကျေးရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးအလုံး ၂၀ ထက်မ…

ရေးအခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ဒုတပ်ရင်းမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိ

ရေး၊ ဇွန် ၆ မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန်းနိုင်စိုးကို KNLA တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။ ဗိုလ်မှူးသန်းနိုင်စိုးဟာ မနေ့ ဇွန် ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ တပ်ရင်းအတွက် ရိက္ခာဝယ်ယူဖို့ ကားတစ်စီးနဲ့ တစ်ဦးတည်းထွက်လာစဉ် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာပါ။ “သတင်းအရလမ်းကနေ…

မြန်မာကို အကူအညီပေးရေး NUG နဲ့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

မော်လမြိုင်၊ ဇွန် ၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်တို့ဟာ မြန်မာကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့က ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး အဲ့ဒီတွေ့ဆုံမှုမှာ မြန်မာပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံအနေနဲ့ ကူညီပံ့ပိုးပေးမယ့် အခြေအနေတွေနဲ့…

မော်ရိုကိုက Youtuber တစ်ဦး ရွှေတြိဂံဒေသ မြန်မာပိုင်နက်မှာ ပျောက်ဆုံးနေ

ရွှေတြိဂံ၊ ဇွန် ၆ ရွှေကြိဂံဒေသရှိ မြန်မာပိုင်နက်မှာ ပြန်ပေးဆွဲခံထားရတဲ့ မော်ရိုကို နိုင်ငံသားတွေအကြောင်း ဖော်ပြဖို့ သွားရောက်ခဲ့တဲ့ မော်ရိုကိုနိုင်ငံသား Youtuber တစ်ဦးဟာ ထူးဆန်းတဲ့ အခြေအနေတွေနဲ့ ပျောက်ဆုံးနေကြောင်း သိရပါတယ်။ New Battuta လို့လည်း လူသိများတဲ့ မော်ရိုကိုနိုင်ငံသား အဒမ် တော်ဖစ်ဟာ မေ ၂၃ ရက်နေ့က သူ့မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရခဲ့ပါတယ်။…

ဆီဆိုင်မှာ အရပ်သားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ဆီဆိုင်၊ ဇွန် ၆ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ ဒေသခံ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်PNO ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ကယန်းလေးကျေးရွာနေ အသက် ၅၀ အရွယ် ဦးဂျော့လောင်ကို…

KNU ဖာပွန်ခရိုင်က စစ်ကောင်စီတပ်စခန်း ၅ ခု ထပ်မံစွန့်ခွာထွက်ပြေး

ဖာပွန်၊ ဇွန် ၆ ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်စခန်း ၅ ခု အပြီးအပိုင် ရုတ်သိမ်းစွန့်ခွာသွားတယ်လို့ KNU တပ်မဟာ ၅ ဌာနချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေဖြစ်ကြတဲ့ ခမရ ၄၃၄ လက်အောက်ခံ ကျောက်ညှက်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီကျိုးစခန်း၊ ခလရ ၁၉…

ဘီးလင်းနဲ့သထုံမှာ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၂ လုံး ပျက်စီး

သထုံ၊ ဇွန် ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၂ လုံး ပျက် စီးခဲ့တယ်လို့ KNU ဗဟို က ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကနေ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲကို…