လောင်းလုံးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေ

0
24

လောင်းလုံး၊ မေ ၉

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်မှာ ဒီနေ့ မေ ၉ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မနက် ၆ နာရီခွဲအချိန့်ခန့်ကစပြီး လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ရေတပ်စစ်သင်္ဘောကနေ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ပစ်ကူပေးနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ဒီနေ့ ၁၁ နာရီအချိန်အထိ ဆက်လက်ဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုသေဆုံးတာနဲ့ အ ရပ်သားပြည်သူထိခိုက်မှု အခြေအနေအသေးစိတ် မသိရသေးပါဘူး။

လောင်းလုံးတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အပြင်ထွက်သွားလာတာတွေ မပြုလုပ်ဖို့နဲ့ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ပေးကြဖို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မြို့နယ်ရဲစခန်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.