April 2024

အပူချိန်ပြင်းထန်မှုကြောင့် မွန်ပြည်နယ်က မွေးမြူရေးလုပ်ငန်းတွေအရှုံးပေါ်

မော်လမြိုင် ၊ ဧပြီ ၂၇ မွန်ပြည်နယ်မှာ တခြားတိုင်းနဲ့ပြည်နယ်နည်းတူ အပူချိန်ပြင်းထန်နေတာကြောင့် မွေးမြူရေးကြက်နဲ့ဝက်တွေ သေဆုံးမှုမြင့်တက်လာပြီးနောက် လုပ်ငန်းအများစု အရှုံးပေါ်နေကြတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေး ကြက်နဲ့ဝက်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်တအားပြင်းထန်တဲ့အတွက် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးတာတွေရှိသလို ရေလုံလောက်အောင် မပေးနိုင်တာကြောင့်လည်း သေဆုံးမှုတွေ ရှိနေတာပါ။ တဖက်မှာတော့ မွေးမြူရေး ကြက်နဲ့ဝက်တွေအတွက် လိုအပ်တဲ့ ဆေးဝါးဈေးနှုန်းတွေ…

မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စာရင်းကြိုကောက်ဖို့ စစ်ကောင်စီညွန်ကြား

မော်လမြိုင် ၊ ဧပြီ ၂၇ မွန်ပြည်နယ်ရှိ မြို့ နယ်တွေမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂ အတွက် သင်တန်းသားစာရင်းတွေ ကြိုတင်ကောက်ယူနိုင်ရေး သက်ဆိုင်ရာခရိုင်တွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားဖို့ စစ်ကောင်စီက လျှို့ဝှက်ညွန်ကြားထားပါတယ်။ ဧပြီ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်လုံခြုံရေးနဲ့ အုပ် ချုပ်ရေး ညှိနှိုင်းအစည်းအဝေးကနေ လုပ်ငန်းစဉ် ၅…

ကော့ဘိန်းမှာ စစ်ကြောင်းဝင်လာလို့ ရွာလုံးကျွတ် ထွက်ပြေးနေရ

ကော့ကရိတ်၊ ဧပြီ ၂၇ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာထဲကို စစ်ကောင်စီတပ် အင်အားအလုံးအ ရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းရှိရာ ကော့ဘိန်းကျေးရွာထဲကို ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။…

လောင်းလုံးမှာ လက်နက်ကြီးကျလို့ အဖွားအိုတစ်ဦးသေဆုံး

လောင်းလုံး၊ ဧပြီ ၂၇ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့ (က)ရပ်ကွက်ထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အဖွားအိုတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဒဏ် ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က လောင်းလုံးမြို့ စစ်ဖက်ဆိုင်ရာလုံခြုံရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ တိုက်ပွဲမရှိဘဲ မြို့အနီးပတ်ဝန်းကျင်တွေကို…

တပ်ရိက္ခာနဲ့ ဒေသအလိုက်အရန်ရိက္ခာဖြည့်ဆည်းထားကြဖို့ NUG ဝန်ကြီးချုပ်ပြော  

မော်လမြိုင်၊ဧပြီ ၂၆ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ရိက္ခာ၊ဒေသအလိုက်အရန် ရိက္ခာဖြည့်ဆည်း မှုတွေ အတွက်မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက်လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေးအမှတ်စဉ် ၁၃/၂၀၂၄ မှာအခုလိုပြောခဲ့တာပါ။ “ဘဏ္ဍာငွေအသုံးစရိတ်တွေကို ထိထိရောက်ရောက်နဲ့ အလေအလွင့်မရှိ အသုံးပြုနိုင်ဖို့နဲ့ တပ်ရိက္ခာ၊ဒေသအလိုက်အရန်ရိက္ခာ ဖြည့်ဆည်းမှုတွေအတွက် မြေပြင်တာဝန်ရှိသူတွေ အာရုံစိုက် လုပ်ဆောင်ကြဖို့လိုတယ်”လို့ NUG…

မြစ်ကြီးနားအကျဉ်းထောင်က ထောင်ဝန်ထမ်း ၅ ဦးကို စစ်တပ် ဖမ်းဆီး

မြစ်ကြီးနား၊ ဧပြီ ၂၆ ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ထောင်းတွင်း ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က အကျဉ်းထောင်ဝန်ထမ်း ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အကျဉ်းထောင်တွင်း ဆန္ဒပြမှု ဖြစ်ပွားပြီးနောက်ပိုင်း ထောင်ပိုင်လေး ဦးကျော်မင်းဦး၊ ထောင်ဆေးရုံဆရာဝန် ဦးထွန်းထွန်းအောင် အပါအဝင် အကျဉ်းထောင်ဝန်းထမ်း ၅ ဦးကို…

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား နှစ်စင်းလုံး ဆက်ပိတ်ထား

မြဝတီ၊ ဧပြီ ၂၆ စစ်ရေးအခြေအနေကြောင့် ကရင်ပြည်နယ် မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၁ နဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား နှစ်စင်းလုံးကို ဧပြီ ၂၆ ရက်နေ့အထိ မြန်မာဘက်ခြမ်းက ဆက်လက်ပိတ် ထားဆဲဖြစ်တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ဧပြီ…

“MSFC၊ MSRF ၊ MSDF သုံးဖွဲ နဲ့ မွန်ပြည်သစ်ပါတီ AD ကြား ကျစ်လျစ်ခိုင်မာတဲ့ ဗျူဟာမြောက် ပူးပေါင်း ဆောက်ရွက်မှု ဖြစ်လာခဲ့ရင် မွန်အမျိုးသား လွတ်မြောက် ရေးအတွက် အများကြီးတွန်းအားပေးနိုင်တယ်”

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်တွင်းစစ်မီးဟာ မွန်ဒေသတွေအထိ စစ်မျက်နှာ ကျယ်ပြန့်လာ သလို မွန်တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ဖို့ ပူးပေါင်းတာတွေ ရှိလာခဲ့တာပါ။ အဲဒီထဲမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည် တော်လှန်ရေးတပ် MSRF တို့ကလည်း ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့မှာ ပူးပေါင်းခဲ့တာပါ။ ဒါ့အပြင် မွန်ပြည်သစ်ပါတီ…

တော်လှန်ရေးဒေသတွေမှာ သတင်းသမားတွေ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံဖို့ IPCM တိုက်တွန်း

မော်လမြိုင်၊ဧပြီ ၂၆ စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေနဲ့ ဒေသအသီးသီးမှာ သတင်းသမားတွေရဲ့ လုံခြုံရေး သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံပေးဖို့ လွတ်လပ်သော မြန်မာ သတင်းမီဒီယာကောင်စီ IPCM က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC နဲ့ ဧပြီလ ၂၁ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU တို့ရဲ့…

ဖာပွန်အခြေစိုက် ခမရ ၄၃၄ တပ်ကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ဖာပွန်၊ ဧပြီ ၂၆ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၄၃၄ တပ်ရင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တစ်ရက်ထဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၂၄ ရက်နေ့က ဆင်နွှဲခဲ့တဲ့ ခမရ ၄၃၄ တပ်ရင်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေဖြစ်တဲ့…