April 2024

လှိုင်သာယာရဲစခန်းတိုက်ခိုက်ခံရ

ရန်ကုန်၊ဧပြီ ၂၉ ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်အရှေ့ပိုင်း ညောင်တုန်းလမ်းမပေါ်မှာရှိတဲ့ စစ်ကောင်စီ ၅ ထိပ် ရဲစခန်းကို Dark Shadow တပ်ဖွဲ့က ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး ကို Urban Freedom စစ်ဆင်ရေးလို့ အမည်ပေးထားတာပါ။…

မကွေးမှာ ကုန်တင်ကားတွေကို စစ်ကောင်စီ ချောဆွဲနေ

မကွေး၊ဧပြီ ၂၉ ရခိုင်ပြည်နယ်က စစ်တပ်စခန်းတွေကို ရိက္ခာတင်ပို့ဖို့အတွက် မကွေးတိုင်းအတွင်းက ကုန်တင်ကားတွေကို စစ်ကောင်စီက ချောဆွဲတာတွေလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မကွေး၊ချောက်၊စလင်းနဲ့ ဆင်ဖြူကျွန်းက ကုန်တင်ကားပိုင်ရှင်တွေကို အသက်အာမခံပါ ထည့်သွင်းပြီး ငှားရမ်းနေတာပါ။ စစ်ကောင်စီဘက်က ကားငှားရမ်းချိန်မှာ ကားပျက်စီးရင်လျော်ကြေးမယ့်အပြင် ဒရိုင်ဘာပါ လာပါက အသက်အာမခံတယ်လို့ ပြောနေပေမယ့် လိုက်မယ့်သူမရှိဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရခိုင်ပြည်နယ် အမ်းဘက်ကို…

သထုံမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦးသေဆုံး

သထုံ၊ ဧပြီ ၂၉ မွန်ပြည်နယ် သထုံမြို့နယ် ဓနုကျေးရွာအုပ်စု ဓါးရိုးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီနေ့ ဧပြီ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဧပြီ ၂၇ ရက် ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂…

“ပြည်သူတွေအနေနဲ့လည်း ရေးပတ်ဝန်းကျင်လောက်မှာပဲ ကျော်သွားလို့ရှိရင် စစ်ကောင်စီရဲ့ ဂိတ်တွေမရှိတဲ့အတွက် သူတောင်းစားလို လမ်းမှာတစ်နေရာဝင်၊ တစ်နေရာထွက်ပေးနေရတဲ့ အခြေအနေတွေ မရှိတာကြောင့် ပြည်သူတွေ စိတ်ချမ်းသာနေရတဲ့ အခြေအနေလေးတွေ ရှိပါတယ်”

အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်တဲ့ ရေး-ထားဝယ်လမ်းပိုင်းကို မွန်ပြည်တော်လှန်‌ရေးတပ် MSRF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ နယ်မြေစိုးမိုးထိန်းချုပ်ထားပါတယ်။ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို စစ်ကောင်စီ တပ်က လေယာဉ်နဲ့ကင်းထောက်တာအပြင် နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။ အဲဒီလမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အခြေအနေ၊ စစ်ကောင်စီအတွက် ဘယ်လောက် အထိ အကျပ်ရိုက်စေလဲ။…

မွန်ပြည်သစ်ပါတီ AD ရဲ့ အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်

မော်လမြိုင် ၊ ဧပြီ ၂၉ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD ဟာ ဧပြီ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ အခြေခံစစ်သင်တန်း အပတ်စဉ် ၁ သင်တန်းဆင်း အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။ သင်တန်းဆင်းအခမ်းအနားမှာ NMSP AD နိုင်ငံရေးစစ်ရေးဦး‌ဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ်…

အမေရိကန်နဲ့တရုတ်ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်ဖြစ်သင့်တယ်လို့ သမ္မတ ရှီကျင့်ဖျင် ပြော

ဘေဂျင်း ၊ဧပြီ ၂၈ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ လက်တွဲဖော်တွေ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ပြောခဲ့ပါတယ်။ သမ္မတရှီက မိမိတို့ရဲ့ ဆက်ဆံရေးတွေမှာတော့ ဖြေရှင်းရမယ့် ကိစ္စတော်တော်များများရှိနေတယ် လို့ ဘလင်ကန်နဲ့ တွေ့ဆုံချိန်မှာပြောခဲ့တာပါ။ တစ်နှစ်အတွင်း တရုတ်ကို ဒုတိယအကြိမ်ရောက်ရှိလာတဲ့ ဘလင်ကန်ဟာ ဘေဂျင်းမှာ တရုတ်ထိပ် တန်းနိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး တရုတ်၊ထိုင်ဝမ်အရေးနဲ့…

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက ပိုမိုပါဝင်သင့်တယ်လို့ ထိုင်း တိုက်တွန်း

ဘန်ကောက်၊ဧပြီ ၂၈ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းရေး အာဆီယံက ပိုမိုတက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ထိုင်းအစိုးရက တိုက်တွန်းလိုက်ပါတယ်။ အာဆီယံက မြန်မာပြဿနာကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီက အကောင်အထည်ဖော်မယ်လို့ သဘောတူခဲ့ပေမယ့် အမှန်တကယ် အကောင်အထည်မဖော်နိုင်ဖြစ်နေတာကြောင့် အာဆီယံအဖွဲ့တွင်းမှာ သဘောထားကွဲလွဲမှုတွေရှိနေတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ လာအိုအပါအဝင် ထိုင်းနိုင်ငံက…

ဂျိုင်းမြစ်ဒေသစစ်ရှောင်တွေ နေရပ်ပြန်လာဖို့ စစ်ကောင်စီ လိုက်လံစည်းရုံး ၊ ဒေသခံပြည်သူတွေ အယုံအကြည်မရှိ

ကျိုက်မရော ၊ ဧပြီ ၂၈ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်တောင်ဘက် ရမ္မာဝတီကားလမ်းပေါ်ရှိ ကော့ဘိန်း၊ ဓမ္မသနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေက နေရပ်စွန့်ခွာ စစ်ရှောင်ပြည်သူတွေအနေနဲ့ မိမိတို့ ကျေး ရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ စစ်ကောင်စီက လိုက်လံစည်းရုံးနေပါတယ်။ နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံတွေကို မိမိတို့ နေရပ်တွေမှာ ပြန်လည်ဝင်ရောက်နေထိုင်ကြဖို့ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့က ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီ…

မော်လမြိုင်မြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေကို လိုက်လံဖမ်းဆီးမှုတွေရှိနေ

မော်လမြိုင် ၊ ဧပြီ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက် အသက်ပြည့်တဲ့လူငယ်တွေကို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကနေ စာရင်းတွေတောင်းယူပြီး လိုက် လံ ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ ညဘက်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ လှည့် ကင်းလှည့်လည်တာ၊ နေရာအနှံ့စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ပြီးနောက် စစ်မှုထမ်းစာရင်းပါရှိတဲ့ လူငယ်တွေကို…

ဖာပွန်မြို့နယ် အလုံးစုံမကျရေး စစ်ကောင်စီတပ်ရင်းတွေ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေ

ဖာပွန်၊ ဧပြီ ၂၈ ကရင်ပြည်နယ် ဖာပွန်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း ခမရ ၄၃၄ ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက် ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဖာပွန်စစ်ဗျူဟာနဲ့ တပ်ရင်း ၂ ရင်းမှာ ပြန်လည်စုစည်းပြီး ခုခံတိုက်ခိုက်နေကြတယ်လို့ တပ်မဟာ ၅ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဧပြီ ၂၅ ရက်နေ့က KNU ဖာပွန်ခရိုင်…