April 24, 2024

ယူကရိန်းကို ပေါင်သန်း ၅၀၀ ထပ်မံကူညီမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အသိပေး

ဝါဆော၊ ဧပြီ ၂၄ ဗြိတိန်ဝန်ကြီးချုပ် ဆွန်နက်က ယူကရိန်းကို နောက်ထပ် ရန်ပုံငွေ စတာလင်ပေါင်သန်း ၅၀၀ ထပ်မံကူညီပေးသွားမှာဖြစ်ပြီး ဗြိတိန်ရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ ယူကရိန်းအစိုးအရအတွက် စစ်ရေးအကူအညီတွေ ထပ်မံပေးသွားမှာဖြစ်တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တက်စ်၊နေတိုးအဖွဲ့ အကြီးအကဲ စတိုလ်တန်ဘာ့ဂ်တို့နဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ ပြောခဲ့တာပါ။ ဆွန်နက်က ကာကွယ်ရေးအသုံးစရိတ်ကို တဖြည်းဖြည်းတိုးမြှင့်ပြီး ၂၀၃၀…

မြန်မာဒုက္ခသည်တွေအတွက် အစီအစဉ်ရေးဆွဲပြီးပြီလို့ ထိုင်အစိုးရ ပြော

ဘန်ကောက်၊ဧပြီ ၂၅ ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က ပထမဆုံးပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အလုံးစုံအခြေအနေကို လေ့လာသုံးသပ် ပြီး ဒုက္ခသည်အရေး ကိုင်တွယ်ဖြေရှင်းရေးနဲ့ လုံခြုံရေးအရ တုံ့ပြန်မှုတွေအတွက် အစီအစဉ်တစ် ရပ်ကို မိတ်ဆက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့က ထိုင်းဒုတိယဝန်ကြီးချုပ် ပမ်ပရီ ဥက္ကဋ္ဌ အဖြစ်ဦးဆောင်နေတဲ့ ကော်မတီဟာ မဲဆောက်ကို…

စစ်အာဏာသိမ်း (၁၁၇၉) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၉၂၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ ၂၅ AAPP ရဲ့ ဧပြီ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၇၉) ရက်အတွင်း ပြည်သူ (၄၉၂၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၆၅၆၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၆၂၀၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

မွန်ပြည်သစ်ပါတီ AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီတို့ နိုင်ငံရေး၊စစ်ရေး ပူးပေါင်းဖို့ သဘောတူ

မော်လမြိုင် ၊ ဧပြီ ၂၅ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ဧပြီ ၂၃ ရက်နေ့မှာ နှစ်ဘက်အဖွဲ့ကနေ ပူးတွဲကြေညာပါတယ်။ အဲဒီ နှစ်ဖွဲ့ဟာ ဧပြီ ၂၂ ရက်နေ့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး…

အောင်ဇေယျစစ်ကြောင်းကို ပြတ်ပြတ်သားသား တိုက်ခိုက်ချေမှုန်းမယ်လို့ KNU ပြော

မြဝတီ၊ ဧပြီ ၂၅ အောင်ဇေယျအမည်နဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ စစ်ကောင်စီ စစ်ကူတပ်စစ်ကြောင်းကို KNLA ပူးပေါင်းတပ်တွေက ပြတ်ပြတ်သားသား ရိုက်ချိုးဖြတ်တောက်ပြီး တိုက် ခိုက်ချေမှုန်းသွားမယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းစခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေ…

လောင်းလုံးမြို့မရဲစခန်းရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ဝင်တိုက်

လောင်းလုံး၊ ဧပြီ ၂၅ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဧပြီ ၂၄ ရက် မနက် ၇ နာရီအချိန်ခန့်မှာ အင်အား ၇ ဦးဝန်းကျင်နဲ့ မြို့မရဲစခန်းရှေ့မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။…

ကျိုက်ထိုမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

ကျိုက်ထို၊ ဧပြီ ၂၅ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ဧပြီ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် ကော့ထင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဟာ ကျိုက်ထိုမြို့ပေါ်ကနေ ကော့ထင်ကျေးရွာသို့ ပြန်လာစဉ် ရွာအဝင်ထိပ်မှာ…

မကွေးမှာလူငယ်တွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်နေ

မကွေး၊ဧပြီ ၂၄ မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်တာတွေရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက ပွင့်ဖြူနဲ့ မြို့သစ်မြို့က လူငယ်တွေကို PDF ထောက်ပို့ဆိုပြီး အကြောင်းပြဖမ်းဆီးကာ အတင်းအကြပ်စစ်မှုထမ်းခိုင်နေတာပါ။ ပွင့်ဖြူမြို့နယ်အရှေ့ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခိုင်းနေတာဖြစ်တယ်လို့ သိရပြီး ၅ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံ တစ်ဦးက…

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ အရှိန်မြှင့်မယ်လို့ CNO အသိပေး

ကန်ပက်လက်၊ဧပြီ ၂၄ ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကိုသိမ်းပိုက်နိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တော်လှန်ရေး ပူးပေါင်းတပ် တွေက တိုက်ခိုက်နေသလို အာရက္ခတပ်တော် AA ကလည်း ကူညီပေးနေတဲ့အတွက် မြို့သိမ်း တိုက်ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ မြို့သိမ်းတိုက်ပွဲစတင်ဖော်ဆောင်ချိန်မှာ ကျင်ဒွေးမြို့နဲ့…

“၂၀၂၄က ဥပဒေမဲ့ သတ်ဖြတ်မှုကို အဓိကတွေ့ရတဲ့ နှစ်ဖြစ်တယ်။ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက် တိုးလာတဲ့နှစ်တနှစ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုဟာ အကျဉ်းထောင်တွေထဲမှာ အမြဲချိုးဖောက်ခံနေရတာ ဖြစ်တယ်”

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့် ပေးမှုနဲ့ပတ်သက်ပြီး တရားမျှတမှုမရှိဘူးလို့ဆိုပြီး အကျဉ်းသားတွေက ထောင်တွင်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီက အကျဉ်းသားတွေဟာ ထောင်တွင်းဆူပူသောင်းကျန်းမှု ကျူးလွန်တယ်ဆိုပြီး အကြမ်းဖက်ဖြိုခွင်ခဲ့တဲ့အတွက် အကျဉ်းသား ၄ ဦးထက်မနည်း သေဆုံးပြီး ဆယ်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် မြစ်ကြီးနားအကျဉ်းထောင်ထဲမှာ…