ပေါက်၊ဧပြီ ၂၃

မကွေးတိုင်း၊ပေါက်မြို့နယ်ကိုဝင်လာတဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို ၉ ရက်တာတိုက် ခိုက်ပြီးနောက် စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင် ပကဖက သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်ကနေ ၂၂ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ ၅ ဦး သေဆုံးကာ ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားတာပါ။

မြိုင်မြို့နယ် တောင်ဘက် ၂ မိုင်အကွာ စက်မှု ၂ က ထွက်လာတဲ့ စစ်ကြောင်းကို ပေါက်မြို့နယ် အရောက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအုပ်သန်းဇော်လင်း၊ဒုတပ်ကြပ် မြင့်မိုး၊ရဲတပ်သား ထက်လင်း၊ရဲတပ်သား ခန့်ထက်ကျော်နဲ့ ရဲတပ်သား ဟိန်းပြည့်အောင်တို့ သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်သားတွေ ခိုအောင်းနိုင်မယ့် နေရာတွေကို တော်လှန် ရေးအဖွဲ့တွေဘက်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် မသင်္ကာဖွယ် လက်နက်ကိုင် ၆ ဦးကို တွေ့ရှိခဲ့ရတယ်လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

“ဖမ်းဆီးရမိထားတဲ့ဒဏ်ရာရတဲ့ ရဲတွေကို ဆေးတာဝန်ခံနဲ့ ဆေးတပ်ဖွဲ့က ဆေးကုသပေးလျက် ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ စစ်သုံ့ပန်းထိန်းသိမ်းရေး ဥပဒေအရဆောင်ရွက်သွားမယ်”လို့သူက ပြောခဲ့ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူတွေဟာ ရဲအပ်အောင်အောင်ခိုင်၊ရဲတပ်ကြပ် ကျော်မင်းနိုင်၊ရဲဒုတပ်ကြပ်၊ အေးမင်း၊ရဲတပ်သား ခင်အောင်ထွေး၊ရဲတပ်သား လျှမ်းပြည့်ချမ်း သာ နဲ့ ရဲတပ်သား ညွန့်ဝင်းတို့ ဖြစ်ပြီးသူတို့တွေမှာ ထိခိုက်ဒဏ်ရာရှိာတွေရှိခဲ့တယ်လို့ သူက ပြောပါသေးတယ်။

ဖမ်းဆီးရမိခဲ့တဲ့သူတွေနဲ့အတူG-3 (၄) လက်၊ကျည်ဘောက် (၄)ခုနဲ့ကျည် (၃၀၀) တောင့်၊ 79 (၁) လက်၊ ၄၀ မမ ကျည် (၁၀) လုံး၊ AK (၁) လက်၊ ကျည်ဘောက် (၂) ခုနဲ့ကျည် (၇၂) တောင့်၊ MA-11 (၁) လက်၊ ကျည်ဘောက် (၁)ခုနဲ့ကျည် (၄၀၀) တောင့်၊ BA-94 (၁) လက်၊ ကျည်ဘောက် (၂)ခုနဲ့ကျည် (၂၅၂) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၈) လုံး၊ ပါဝါဘတ် (၁) လုံး၊ ပတ်တီး (၂) ခု၊ ဓားမြှောင် (၂) ချောင်း၊ ဓာတ်မီး (၁) လက်၊ ကျည်ကာဦးထုပ် (၅) လုံး၊ ပွိုင့် ဖိနပ် (၃) ရံ၊ ကျည်ကာအင်္ကျီ (၇) ထည်၊ နာရီ (၁) လုံး၊ ငွေ ၁၄၄၈၅၀ကျပ်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်ပကဖက အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုကို  မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီးကာ  မြိုင်ပကဖအဖွဲ့ဝင်ဖြစ်တဲ့  Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့နဲ့ ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.