ရေး၊ ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေးခရိုင်ထွေအုပ်ရုံးကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦးအပေါ် တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ရုံးအဆောက်အဦး ခေါင်မိုး၊ မျက်နှာကျက်အပါ အ ဝင် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ထွေအုပ်ရုံးကို စစ်ကောင်စီတပ်ဘက်က လာရောက်စစ်ဆေးတွေ လုပ် ဆောင်သွားပေမယ့် ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတော့မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရေးမြို့တွင်း လူသွားလူလာရှင်းသွားသလို ဈေးဆိုင်တချို့လည်း ပိတ်ထားကြတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာပဲ မွန်ပြည်သစ်ပါတီက အာဏာသိမ်းစစ်တပ်ကို ပြန်တိုက်တော့မယ်လို့ ကြေညာချက်ကြောင့် ရေးမြို့ နယ်အတွင်း နှစ်ဖက်တိုက်ပွဲပြင်းထန်လာမှာကို ဒေသခံပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.