မော်လမြိုင်၊ ဖေဖော်ဝါရီ ၂
မွန်ပြည်ဖက်ဒရယ်ကောင်စီ MေSFC ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဖွဲ့ဝင်သစ်တွေ ပိုမိုပါဝင်လာရေး အားထုတ်သွားမယ်လို့ ကောင်စီဘက်က အသိပေးထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းသုံးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြည်သူလူထုထံပန်ကြားစဉ် ဒုတိယအကြိမ် ညီလာခံကျင်းပမယ့်အကြောင်း အသိပေးလာတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ပြည်နယ်အတွင်း ပြန့်ကြဲနေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းပြီး မဟာမိတ်စုဖွဲ့နိုင်ရေးနဲ့ အစိုးရယန္တရားတစ်ရပ်အဖြစ် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ပထမကြိမ် ညီလာခံကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်း ကျင်း ပခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလနဲ့ကြားကာလမှာ ကျင့်သုံးဖို့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအစီအမံတွေကို ချမှတ်ထားပါတယ်။
လက်ရှိမှာလည်း ကောင်စီဟာ ကာကွယ်ရေးနဲ့ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ လူသားချင်း စာနာမှုကူညီရေး၊ မြေယာသယံဇာတ၊ သတင်းနဲ့ပြန်ကြားရေး၊ အမျိုးသမီးနဲ့ က လေးငယ်၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံရေးဌာနတို့ကို ဖွဲ့စည်းပြီး လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နေတာပါ။
ကောင်စီမှာ မွန်ပြည်နယ်အတွင်းရှိ နွေဦးတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ERO EAO တိုင်းရင်း သား လက်နက်ကိုင်အစုအဖွဲ့တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေ၊ နိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူမျိုးစုကိုယ်စားလှယ်တွေ၊ အမျိုးသမီး LGBT နဲ့ လူငယ်အဖွဲ့အစည်းတွေအ ပြင် တတ်သိပညာရှင်တွေနဲ့ စုပေါင်းဖွဲ့စည်းထာတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီကို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျက်သုဉ်းရေးအား ကြိုးပမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ပြည်နယ်ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပေါ် ပေါက်လာရေးအတွက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MSFC
ပုံစာ – MSFC ကောင်စီဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွတ်ရေးတောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကို လာရောက်တွေ့ဆုံစဉ်။

