၂၀၂၄ မှာ ကမ္ဘာတဝှမ်း အလုပ်လက်မဲ့ဖြစ်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလ ပြော
ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်း ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ ကုန်ထုတ်လုပ်မှု လျှော့နည်းနေတာ၊ မညီမျှမှုတွေ ပိုမိုဆိုးရွားလာတာနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဝင်ငွေထိခိုက်တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စိုးရိမ်နေတာပါ။ ကိုဗစ်ရောဂါကနေ ကမ္ဘာ့စီးပွားရေး နလံထမှုနှေးကွေးသွားပြီး ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေနဲ့ ဗဟိုဘဏ်တွေရဲ့ ပြင်းထန်တဲ့ လုပ်ရပ်တွေကြောင့်…