ကန်ရွာရဲစခန်းကို စွန့်ခွာထွက်ပြေးသွားသူတွေထဲက ရဲသုံးဦးရေနစ်သေဆုံး

0
231

ဂန့်ဂေါ – နိုဝင်ဘာ ၃၀

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ တွေထဲက ရဲ ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့အလောင်းတွေကို ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးသဂြိုလ် ထားတယ်လို့ သိရပါတယ်။

“ညကြီးချောင်းကူးတာမှာရေကြောမသိပဲနဲ့ကူးပုံပါ။ကာကွယ်ရေးအဖွဲ့တွေကနယ်မြေရှင်းလင်း တာတွေလုပ်ဆောင်နေတယ်။ စခန်းကထွက်သွားတဲ့လူတွေကတော့ တောထဲမှာပျောက်နေ တယ်။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ရေနစ်သေဆုံးသွားသူတွေနဲ့အတူ စစ်လက်နက်ပစ္စည်းတွေပါ တွေ့ရှိထားတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ဆေးဆောင်ရွက်နေတယ်လို့ ABSDF Column 3 ပြန်ကြားရေးရဲဘော် ပြည့်ဖြိုးကျော်က ဆိုပါတယ်။

မြေပြင်ရဲ့ဘော်တွေက ABSDF Column 3 ကို သတင်းပေးပို့ချက်အရ အူဇီတစ်လက်၊G-3 တစ်လက်၊ Sting တစ်လက်၊ ၄၀မမ ဗုံးသီး တွေနဲ့အတူ ရုပ်အလောင်း ၄ လောင်းကို ရေရှင်မ ကျေးရွာအနီးမှာ ဆယ်ယူရရှိထားတယ်လို့ သူက ပြောပါတယ်။

ကန်ရွာစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ နိုဝင်ဘာလ ၂၆ ရက်နေ့က နာမကျန်း ဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့ သူတွေကို စခန်းနဲ့အတူထားခဲ့ကာ ထွက်ပြေးသွားပြီးနောက်၃ ရက်အကြာမှာ ရဲတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရေနစ်သေဆုံးသူတွေ ထပ်မံရှိလာနိုင်သေးတဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေနဲ့ ပြည်သူတွေဟာ ဆက်လက်ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.