November 30, 2023

အမေရိကန်ထောက်ပြထားတဲ့ လုံခြုံရေးကဏ္ဍတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အိန္ဒိယမှာ ကော်မတီ ဖွဲ့စည်း

နယူးဒေလီ၊ ဒီဇင်ဘာ ၁ ဆစ်ခ် လူမျိုးခွဲထွက်ရေးခေါင်းဆောင် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံက ထုတ်ပြန်ထားတဲ့ သတိပေးချက်နဲ့ လုံခြုံရေးကဏ္ဍစိုးရိမ်မှုတွေကို တရားဝင်စုံစမ်းဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းလိုက်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် မတိုင်မီ တစ်ပတ်အလိုမှာအမေရိကန်က ဆစ်ခ် ခွဲထွက်ရေး ခေါင်းဆောင်ကို သတ်ဖြတ်တဲ့ ကြံစည်မှုမှာ အိန္ဒိယဘက်က ပါဝင်ပတ်သက်မှု ရှိနိုင်တယ်လို့ သတိပေးခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ ထုတ်ပြန်ချက်ဟာ…

ဟားမတ်စ်တို့ရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ UN ကော်မရှင် သက်သေတောင်းခံ

ဂျီနီဗာ၊ ဒီဇင်ဘာ ၁ အစ္စရေး-ဟားမတ်စ် နှစ်ဖက်လုံးရှိ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလစုံစမ်းရေးကော်မရှင်က ဟားမတ်စ်တို့ရဲ့လိင်အကြမ်းဖက်မှုဖြစ်ရပ်တွေအပေါ် အာရုံစိုက်သွားမှာဖြစ်ပြီး သက်သေအထောက်အထား တွေအတွက် အယူခံဝင်တော့မယ်လို့ အဖွဲ့ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ အစောပိုင်းမှာ ကုလသမဂ္ဂက နှုတ်ဆိတ်နေမှုကြောင့် အစ္စရေးနဲ့ဓားစာခံမိသားစုတွေရဲ့ ဝေဖန်မှုတွေကြားမှာပဲ သက်သေအထောက်အထားတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲပြောင်းပေးမှာဖြစ်ပြီး တရားစွဲဆိုမှုတွေကို ထည့်သွင်းစဉ်းစားဖို့ တောင်းဆိုသွားမယ်လို့ ဥက္ကဌ နာဗီပီလေးက ဆိုခဲ့ပါတယ်။…

သူလျှိုဂြိုလ်တုတွေ ဆက်လက်လွှတ်တင်သွားဖို့ရှိတယ်လို့ မြောက်ကိုရီးယား ပြော

ပြုံယမ်း၊ဒီဇင်ဘာ ၁ အမေရိကန်ရဲ့ သံတမန်ရေးကို ဦးတည်စေဖို့ တောင်းဆိုချက်နဲ့ ကုလသမဂ္ဂတားဆီးချက်တွေကို ချိုးဖောက်ကာ သူလျှိုဂြိုလ်တုတွေ ပိုမိုလွှတ်တင်သွားဖို့ရှိနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်ရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ကုလဆိုင်ရာ အမေရိကန်သံအမတ်က မြောက်ကိုရီးယားရဲ့ ဂြိုလ်တုတွေဟာ အိမ်နီးချင်းတွေကို ခြိမ်းခြောက်နေတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ဆိုထားတာပါ။ ဒါ့အပြင် ကြိုတင်သတ်မှတ်ချက်တွေမပါဝင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ အမေရိကန်ဘက်က တောင်းဆိုထားပြီး အချိန်နဲ့…

ပေါက်ခေါင်းခရိုင်ချင်းဆက်လမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ

ပေါက်ခေါင်း – နိုဝင်ဘာ ၃၀ ပဲခူးတိုင်း၊ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းရွာနဲ့ ချင်းလည်ရွာကြား ခရိုင်ချင်းဆက်လမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီစီးနင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ် လို့…

ကောလင်းမြို့ ပုဂ္ဂလိကဘဏ် ၅ ခုမှ ငွေကျပ် ၄၄ ဘီလီယံကျော် သိမ်ဆည်းထားတယ်လို့ NUG ထုတ်ပြန်

ကောလင်း၊ နို၀င်ဘာ ၃၀ တော်လှန်ရေးအင်အားစုတွေ သိမ်းယူထားတဲ့ ကောလင်းမြို့က ပုဂ္ဂလိကဘဏ်ခွဲ ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို ထပ်မံသိမ်းဆည်းထားတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က နို၀င်ဘာ ၃၀ မှာ ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့က ကမ္ဘောဇဘဏ်ခွဲ ၂ မှ ကျပ်ငွေ ၃၂ ဘီလီယံကျော်၊ မြန်မာ့ရှေ့ဆောင်ဘဏ်မှ ကျပ်ငွေ ၉…

နျူလက်နက်တားဆီးရေးစာချုပ်မှာ မြန်မာပါဝင်နိုင်ရေးဟာ စစ်ကောင်စီကြောင့် ပျက်ဆီးခဲ့ရတာလို့ NUGပြော

နယူးယောက် – နိုဝင်ဘာ ၃၀ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာနျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်မှာ အတည်ပြုလက်မှတ်ရေးထိုးပါဝင်မယ့် ကိစ္စဟာ စစ်ကောင်စီအာဏာသိမ်းမှုဖြစ်စဉ်ကြောင့်ပျက်ဆီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUGကပြောကြားလိုက်ပါတယ်။ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေး မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလ သမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ်ကို ၂၀၁၈ ခုနှစ် စက် တင်ဘာလမှာ…

ကန်ရွာရဲစခန်းကို စွန့်ခွာထွက်ပြေးသွားသူတွေထဲက ရဲသုံးဦးရေနစ်သေဆုံး

ဂန့်ဂေါ – နိုဝင်ဘာ ၃၀ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ တွေထဲက ရဲ ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေဆုံးသွားတဲ့အလောင်းတွေကို ဒီနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးသဂြိုလ် ထားတယ်လို့ သိရပါတယ်။ “ညကြီးချောင်းကူးတာမှာရေကြောမသိပဲနဲ့ကူးပုံပါ။ကာကွယ်ရေးအဖွဲ့တွေကနယ်မြေရှင်းလင်း တာတွေလုပ်ဆောင်နေတယ်။ စခန်းကထွက်သွားတဲ့လူတွေကတော့ တောထဲမှာပျောက်နေ တယ်။”လို့…

အင်းစိန်က စစ်တပ်ပိုင် ဦးပိုင်ကားဝန်းကို ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်

ရန်ကုန် – နိုဝင်ဘာ ၃၀ ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီပိုင်ဆိုင်တဲ့ ဦးပိုင်ကားဝန်းကို Urban Special Operation က ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက အသိပေးထားပါတယ်။ မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ Urban Special Operation အခြေစိုက်ရာမြို့တွေမှာ တော်လှန်ရေး အရှိန်မြှင့်တင်ဖို့ အနက်ရောင်အလံကို စတင်လွှင့်ထူပြီဖြစ်တယ်လို့ ဆိုထားပါတယ်။…