အင်းစိန်က စစ်တပ်ပိုင် ဦးပိုင်ကားဝန်းကို ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်

0
218

ရန်ကုန် – နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီပိုင်ဆိုင်တဲ့ ဦးပိုင်ကားဝန်းကို Urban Special Operation က ၄၀ မမ နဲ့ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက အသိပေးထားပါတယ်။

မြို့ပြအထူးစစ်ဆင်ရေးအဖွဲ့ Urban Special Operation အခြေစိုက်ရာမြို့တွေမှာ တော်လှန်ရေး အရှိန်မြှင့်တင်ဖို့ အနက်ရောင်အလံကို စတင်လွှင့်ထူပြီဖြစ်တယ်လို့ ဆိုထားပါတယ်။

ပြည်သူတွေကို မတရားမှုတွေပြုလုပ်ဖို့ ကြံစည်နေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ပတ်သက်ဆက်နွယ်သူတွေကိုလည်း စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး စစ်ဆင်ရေးလုပ်ဆောင် သွားမှာဖြစ်တယ်လို့ Urban Special Operation အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ ကိုတော့ Urban Special Operation က ထပ်ခံထုတ်ပြန်ထားတာမရှိသေးသလို သံလွင်တိုင်းမ် အနေနဲ့လည်း သီးခြား အတည်ပြုလို့မရသေးပါဘူး။

အင်းစိန်မြို့နယ် စစ်ကောင်စီပိုင် ဦးပိုင်ကားဝင်း အနီးနေသူတစ်ဦးကတော့ ပစ်ခတ်ခံရတဲ့ အသံကြားပေမယ့် စစ်ကောင်စီတပ်က အနီးဝန်းကျင်မှာ လုံခြုံရေးထူထပ်စွာချထားသလို ပိတ်ဆို့ရှာဖွေမှုတွေပါ ပြုလုပ်နေတယ်လို့ သံလွင်တိုင်းမ် ကိုပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media(စစ်တပ်ပိုင် ဗန္ဓုလယာဉ်လိုင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.