September 2023

MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲခုံကနေ ရှင်းလင်းရမယ်ဆိုတဲ့ ခံယူချက်ကို ကျွန်တော်တို့ အပြည့်အဝယုံကြည် တယ်။ သို့ပါသော်လည်း ကတိမတည်၊ သစ္စာမရှိ လက်နက်အားကိုးနေတဲ့ စစ်ကောင်စီတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတာဘယ်လိုမှ ဖြစ်နိုင်ဖို့အကြောင်းမရှိဘူးလို့ မြင်တဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင် သွားမယ်” ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀…

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်ဖက်ဒရယ်ကောင်စီက အွန်လိုင်းကနေ ကျင်းပခဲ့

ရန်ကုန် ၊ စက်တင်ဘာ (၁) ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဩဂုတ် ၃၁ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ခေတ်သစ်မွန်လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသူတွေနဲ့ ပြည်သူတွေကို အလေးပြုရင်း တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။ အဲဒီနောက် မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်တွေ၊အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)…

ဗိုလ်နဂါးကို အကြမ်းဖက်အဖြစ်ကြေညာတယ်လို့ စစ်လော်ဘီတွေ သတင်းအမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊ အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ဗိုလ်နဂါးဦးဆောင်တဲ့ MRDA ကို NUG က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာတယ်ဆိုပြီး စစ်ကောင်စီအကောင်တုတွေမှာ ဖြန့်ဝေနေတဲ့…

ဆင်းရဲမွဲတေမှု လျော့ချနိုင်ဖို့အတွက် ပြည်သူတွေစာတတ်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ စက်တင်ဘာ(၁) ဆင်းရဲမွဲတေမှုလျော့ချပြီး လူမှုစီးပွားဘဝတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေအနေနဲ့ စာတတ်မြောက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်က ဆင်းရဲမွဲတေမှု လျော့ချရေးတွေကို ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းမှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ဆင်းရဲမွဲတေမှုလျော့ချဖို့အတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။…

စစ်အာဏာသိမ်း (၉၄၂)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၂၃ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၁) AAPP ရဲ့ သြဂုတ်(၃၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၂)ရက်အတွင်း ပြည်သူ (၄၀၂၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၅၈၆ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၆၈၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

ထားဝယ်အရှေ့တောဒေသမှာ ဆန်ပြတ်လပ်မှုနဲ့ကြုံနေရ

ထားဝယ်၊ စက်တင်ဘာ(၁) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသဘက်ကို စစ်ကောင်စီကနေ ဆန်သယ်ဆောင်ခွင့် ပိုမိုတင်းကျပ်လာတာကြောင့် ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာတဲ့ ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစပြီး ဆန်အပါအဝင် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားရာကနေ အခုအခါမှာတော့ ဆန်သယ်ယူခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ထားဝယ်အရှေ့တောဒေသကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေဖြစ်တဲ့ ဗျောတောဝ၊…

KNU ညောင်လေးပင်ခရိုင်မှာ အရပ်သားထိခိုက်သေဆုံးမှု စိုးရိမ်ဖွယ်ဖြစ်လာ

ညောင်လေးပင်၊ စက်တင်ဘာ(၁) ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု စိုးရိမ်ဖွယ် ဖြစ်လာတယ်လို့ KNU နဲ့ကရင်အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်၊ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေက ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်ကနေ လက်နက် ကြီးပစ်ခတ်တာ၊ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို နေ့စဉ်လိုလို ပြုလုပ်ခဲ့တာပါ။…

လက်နက်ကိုင်တော်လှန်နည်းနဲ့ အာဏာရှင်ဝါဒကို ဆက်လက်တိုက်ဖျက်သွားမယ်လို့ မွန်ပြည်သစ်ပါတီပြော

ရေးချောင်းဖျား၊ စက်တင်ဘာ(၁) လက်နက်ကိုင်တော်လှန်နည်းနဲ့ အာဏာရှင်မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ပြီး အမျိုးသားလွတ်မြောက်ရေးရရှိတဲ့အထိ ဆက်ကြိုးပမ်းသွားမယ်လို့ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အပေါ် မွန်ပြည်သစ်ပါတီဗဟိုက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဝါရင့်မွန်တိုင်းရင်သားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ရဲ့ သဘောထားထုတ်ပြန်ချက်မှာတော့ မိမိတို့ပါတီဟာ အမျိုးသားတိုးတက်ရေးဖြစ်တဲ့ မွန်လူမျိုးတွေရဲ့အင်အားကို ပဓာနပြုပြီး လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အမျိုးသားရေးအကျိုးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဟာ ပြည့်စုံတဲ့ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရင် ဘယ်လိုအင်အားစု အဖွဲ့အစည်းမျိုးမဆို ပါတီအနေနဲ့…

ရေဖြူစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရေဖြူ၊ စက်တင်ဘာ(၁) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ရပ်တော်မူဘုရားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲတယ်လို့ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(DDT) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၁၀ ဦးကျော် တပ်စွဲနေထိုင်နေတဲ့ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့သွားရောက် တိုက်ခိုက်ခဲ့တာပါ။…