September 2023

ကုလသံအမတ်ဦးကျော်မိုးထွန်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီလော်ဘီတွေ သတင်းအမှားဖြန့်နေ (အမှန်/အမှား)

မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “NUG အစိုးရ၏ တာဝန်ရှိသူများနှင့် သံအ မတ်ဦးကျော်မိုးထွန်းတို့အား ကုလသမဂ္ဂ အဆောက်အအုံအတွင်းသို့ ဝင်ခွင့်မပြုတော့ခြင်းကြောင့် အပြင်ဘက် လက်ဖက်ရည်ဆိုင်တွင်…

သရက်ချောင်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

သရက်ချောင်း၊ စက်တင်ဘာ(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ကနေ ရွာစဉ့်လှည့် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရငဲကျေးရွာ မြွေတောင်မှာ တပ်စွဲထားတဲ့ တပ်အင်အား ၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ကျွဲအင်းကုန်းကျေးရွာဘက်ကနေစပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ် ရွာစဉ်လှည့်…

မြန်မာစစ်တပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူတွေ အဆိုးဝါးဆုံးရက်စက်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ KHRG ပြော

မော်လမြိုင်၊ စက်တင်ဘာ(၃၀) မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုဖို့ ဖမ်းဆီးခံရတဲ့ အရပ်သားအများစုဟာ ဖမ်းဆီးခံရစဉ် ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရတာ၊ ဆေးဝါးကုသမှုမရရှိတာ၊ အစားအစာနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ လုံလောက်စွာမရရှိတာတွေအပါအဝင် ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ်တွေနဲ့ ရင်ဆိုင်ကြုံတွေခဲ့ရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ – KHRG က ထုတ်ပြန်ပါတယ်။ “သေမင်း၏အရိပ်”ဆိုတဲ့ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း…

စစ်အာဏာသိမ်း (၉၇၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၁၃၁) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ(၃၀) AAPP ရဲ့ စက်တင်ဘာ(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၇၁)ရက်အတွင်း ပြည်သူ (၄၁၃၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၄၈၅၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၅၇၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

စစ်တပ်ဖမ်းဆီးထားတဲ့ မွန်ဒေသခံ ၂၀ နီးပါး သတင်းအစနပျောက်နေ

မော်လမြိုင်၊ စက်တင်ဘာ(၃၀) မွန်ပြည်နယ်၊ ကျိုက်ထိုနဲ့ပေါင်မြို့နယ်တို့မှာ အခုစက်တင်ဘာလအတွင်း စစ်ကောင်စီတပ်ကနေ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးသွားတဲ့ ဒေသခံ ၂၀ နီးပါးဟာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အခုလဆန်းပိုင်းမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးဒလန် ၃ ဦးထက်မနည်း ပစ်ခတ်ခံရပြီးနောက် ကျိုက်ထိုနဲ့ပေါင်မြို့နယ်က ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီတပ်ကနေ ဖမ်းဆီးသွားခဲ့တာပါ။ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့…

ပြည်သူ့စစ်တွေကို စစ်အုပ်စုတွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ရန်ကုန်၊ စက်တင်ဘာ(၃၀) နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေအပြင် မြို့ပေါ်လုံခြုံရေးတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြေပြင်တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓါတ်ရေးရာပါ ကျဆင်းနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ တပ်အင်အားလိုအပ်ချက်အတွက် ဌာနေပြည်သူ့စစ်တွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို အားကိုးလာရတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်းသားဒေသရှိ ဌာနေပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေမှာ အများဆုံးအသုံးပြုလာသလို…

တနင်္သာရီ တကူဒေသမှာ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရ

တနင်္သာရီ၊ စက်တင်ဘာ(၃၀) စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်း ဆန်ပြတ်လပ်မှုနဲ့ကြုံနေရပြီး ဆန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာလဆန်းပိုင်းကစတင်ပြီး တကူဒေသအတွင်း ဝင်ရောက်နိုင်တဲ့ ဇဝဲကျေးရွာလမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတာကြောင့် လူ၊ ယာဉ်သွားလာလို့ မရတောတဲ့အတွက် ဆန်အပါအဝင် ကုန်ပစ္စည်းတွေ ပြတ်လပ်မှုနဲ့ ကြုံလာရတာပါ။ ဆန်ပြတ်လပ်မှုနဲ့ ကြုံနေရတာကြောင့်…

နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း ၈၆,၀၀၀ ကျော်အထိရှိလာ

စစ်ကိုင်း၊ စက်တင်ဘာ(၃၀) စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်ပေါင်း ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ISP-Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ တစ်နိုင်ငံလုံး မြို့နယ်စု စုပေါင်းအရေအတွက်ရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ နေအိမ်၊အဆောက်အအုံတွေ…

နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေကြေးလိမ်လည်မှုကိစ္စ ထိုင်းနဲ့ကမ္ဘောဒီယား ဝန်ကြီးချုပ်တို့ ဆွေးနွေးဖို့ရှိ

ဘန်ကောက်၊ စက်တင်ဘာ(၃၀) ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လည်ပတ်လုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု တွေ နဲ့ပတ်သက်ပြီး နိုင်ငံရဲ့ဝန်ကြီးချုပ်တွေ တွေ့ဆုံစဉ် ဆွေးနွေးမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ လိမ်လည်လှည့်ဖြားသူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေပြီး ထိုင်းလူထုအတွက် များစွာထိခိုက်နစ်နာ စေကာ အရေးပေါ်နှိမ်နင်းဖို့ လိုအပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆာရီထာ သာဗီဆင်က အခုသီတင်းပတ်မှာပဲ ဖနွမ်းပင်သို့သွားရောက်ပြီး ကမ္ဘောဒီးယား…

တရုတ်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့တစ်ခါမှ မဆွေးနွေးခဲ့ဘူးလို့ တီမောသမ္မတပြော

ဆစ်ဒနီ၊ စက်တင်ဘာ(၂၉) အရှေ့တီမောနိုင်ငံဟာ တရုတ်အစိုးရနဲ့ သံတမန်ရေးသဘောတူညီချက်တွေကိုတိုးမြှင့်မှုတွေ လုပ်ဆောင်ထား ပေမယ့် စစ်ရေးအရပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးမှာမဟုတ်ဘူးလို့ တီမောသမ္မတ ဂျို့စ်ရိုမက်စ်ဟော်တာ က ပြောကြားခဲ့ပါတယ်။ သူတို့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လုံခြုံရေးကဏ္ဍတွေကို ပူပင်စရာတွေဖြစ်အောင် လုပ်မှာ မဟုတ်တာ ကြောင့် သြစတြေးလျနဲ့ အင်ဒိုနီးရှားတို့ဟာ စိတ်အေးလက်သာ နေလို့ရတယ်လို့ လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍနဲ့ အခြေခံအဆောက်အဦးကဏ္ဍပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မယ့်…