“တာဝန်ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ၊အသင်းအပင်းတွေက တာဝန်မဲ့တယ်လို့ ခံစားနေရတဲ့အတွက် ကျွန်တော်တို့ ကတာဝန်သိတဲ့အတွက် (ထမင်းတစ်နပ် ၁၅ဘတ်အစီအစဉ်)ကို တစ်ပိုင်တစ်နိုင် စတင် ဆောင်ရွက်တာပါ”

အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထွက်ပြေးခိုလှုံနေရတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် ထမင်းတစ်နပ် ၁၅ ဘတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ထမင်းတစ်နပ် ၁၅ ဘတ် အစီအစဉ် စတင်ဖြစ်တဲ့ အခြေအနေ၊ လက်ရှိမှာ ဘယ်လိုလူတန်းစားတွေကို အဓိက ရောင်းချပေးနေတာလဲ။ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆရာကျောင်း (မြင်းခြံ)နဲ့ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး ထမင်းတစ်နပ် ၁၅ဘတ်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။

ဘဝတူရဲဘော်တွေရဲ့ အခြေခံစားဝတ်နေရေးအတွက် တချို့အဖွဲ့တွေက နေရေးအတွက် အကူအညီပေးနေတော့ကျွန်တော်တို့အဖွဲ့က စားရေးသောက်ရေး အဆင်ပြေအောင် ဘဝတူ CDM ဝန်ထမ်းတွေ၊ ဘဝတူရဲဘော်တွေအတွက်စဉ်းစားပြီးတော့ ဒီအဖွဲ့လေးကို နိုင်ငံတကာရောက် မျိုးဆက်ဟောင်း ရဲဘော်တွေရဲ့ တစ်ဦးချင်း မတည်ငွေဘတ်တစ်သိန်းလောက်နဲ့ ကျွန်တော်တို့စပြီး ဒီအဖွဲ့ကို စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂။ ထမင်းတစ်နပ် ၁၅ ဘတ်အဖွဲ့ကို တော်လှန်ရေးအင်အားစုတွေအတွက် လုပ်ဆောင်ပေးဖို့ ဘာကြောင့် စတင်ဖြစ်တာလဲ။

သင်္ကြန်ပြီးလောက်မှာကျတော့ ကျွန်တော်တို့သေချာမြေပြင်ကိုဆင်းပြီး အချက်အလက်တွေ စုဆောင်းတဲ့အချိန် မှာသင်္ကြန်ပြီးလောက်မှာ တချို့ရဲဘော်တွေ၊ တချို့အဖွဲ့အစည်းတွေကနေ ရိက္ခာပေးဝေမှုအစီအစဉ်တွေ နှောင့်နှေးသွားတယ်။ အဲဒီအတွက်ကြောင့် ဘဝတူရဲဘော်တွေ သက်သာချောင်ချိရေးအတွက် ငါတို့တော့တစ်စုံတစ်ခုလုပ်ကြရအောင် တတ်နိုင်သလောက်လုပ်ကြရအောင်ဆိုပြီး ထမင်းတစ်နပ်၁၅ဘတ်ဆိုပြီးလုပ်တာ။ ပထမတုန်း ကတော့၁၀နဲ့ ထမင်းတစ်နပ်၁၀ဘတ်နဲ့ ရောင်းဖို့အထိအောင် ကြိုးစားကြတာ။ ဒီဟာကတစ်လနှစ်လနဲ့ ရပ် သွားရင်မဖြစ်သေးဘူးဆိုပြီးတော့ ကျွန်တော်တို့က ထမင်းတစ်နပ်၁၅ဘတ်နဲ့ တစ်ပတ်ကိုနှစ်ရက်နဲ့ရောင်းချ နိုင်ဖို့။ အဲဒီထဲမှာမှကျွန်တော်တို့ အဓိကထားရောင်းချလိုတာကတော့ ကျွန်တော်တို့ရဲဘော်တွေ၊ နိုင်ငံရေး အဝန်းအဝိုင်းက ရဲဘော်တွေ၊CDMဝန်ထမ်းတွေအတွက် အဓိကထားပြီးတော့ ရောင်းချနိုင်အောင် ကြိုးစားတာပေါ့။တစ်စုံတစ်ရာ သူတို့အပေါ်ကို ပစ်မထားဘူး။ ပစ်မထားဘူးဆိုတဲ့ အခြေအနေလေးပေါ်လွင်အောင်ဆိုပြီး ကျွန်တော်တို့တတ်နိုင်တဲ့ရန်ပုံငွေလေးနဲ့ တစ်ဦးချင်းချွေနဲစာလေးတွေ စုပေါင်းပြီးတော့ တစ်ပတ်ကိုနှစ်ရက်တိုင်ရောင်းချပေးနေတာ။ ရောင်းတဲ့အခါပို့ခမယူပဲ တစ်ထုပ်ထဲမှာရင်တောင် အိမ်အထိလိုက်ပို့်တယ်။ တကယ်လိုအပ်တဲ့ ရဲဘော်တွေဆိုရင် ကျွန်တော်တို့ပေ့ချ်မက်ဆင်ဂျာမှာ ဆက်သွယ်မှာယူနိုင်တယ်။ စစ်ရှောင်တွေ၊ အရေးပေါ်ဒုက္ခရောက်နေတဲ့ ရဲဘော်တွေကို ကူညီတဲ့အနေနဲ့ ထမင်းတစ်နပ်၁၅ဘတ်အဖွဲ့ကနေပြီး လှူဒါန်းပေးကမ်းတာတွေရှိတယ်။ရောင်းတဲ့အပြင်ကိုပေါ့နော်။

၃။ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့အနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ ဘယ်လိုပုံစံတွေနဲ့ လည်ပတ်နေလဲ။

ကျွန်တော်တို့ကဘဏ္ဍာရေးပိုင်းမှာ ပွဲ ၃၀၀ နဲ့ ၅၀၀ ကြား နေ့စဉ်အဆင်ပြေသလို ရောင်းချပေးတဲ့အချိန်မှာ ကျွန်တော်တို့က နေ့စဉ်အရှုံးတွေနဲ့ ရင်ဆိုင်ရပါတယ်။ မဲဆောက်ရဲ့လက်ရှိကုန်ဈေးနှုန်းပေါက်ဈေးအရ အပတ်တိုင်းရှုံးပါတယ်။ဘဏ္ဍာရေးအခြေအနေက ဒီလောက်အထိ တောင်ခံနိုင်လဲဆိုတော့ တချို့ရဲဘော်တွေက ပိုနေ တဲ့ရဲဘော်တွေက၁၀ဘူးမှာပြီး တစ်ဘူးထဲစားသုံးပြီး ၉ဘူးစာပြန်လှူတာရှိပါတယ်။ အဲဒီရန်ပုံငွေတွေနဲ့ တစ်ဦးချင်း ကျွန်တော်တို့ကအလှူခံရပ်တည်တဲ့ အဖွဲ့အစည်းလည်းမဟုတ်ဘူး။ ကျွန်တော်တို့အဖွဲ့ကို သဘောကျတဲ့ အလှူရှင်တွေကဘတ်တစ်ထောင်မျိုး၊ ဘတ်၅၀၀မျိုး၊ လှူဒါန်းတဲ့ပိုက်ဆံတွေနဲ့ ကျွန်တော်တို့မှာ စာရင်းစစ်အဖွဲ့ ရှိပါတယ်။စာရင်းကိုင်သက်သက်ရှိပါတယ်။ ဘဏ္ဍာရေးမှူးရှိတယ်။ ပိုနေတဲ့ ရဲဘော်တွေရဲ့ အလှူငွေအနည်း အကျဉ်းမျှနဲ့ ကျွန်တော်တို့ပင်မ လက်ကျန်ငွေနဲ့ လည်ပတ်နေတာပါ။

၄။ ထမင်းတစ်နပ် ၁၅ဘတ်အဖွဲ့ရဲ့ ရောင်းချပေးမှုပုံစံလေးကိုလည်း ပြောပြပေးပါဦး။

ကျွန်တော်တို့က ရက်တိုင်းတစ်လမှာ ရက်၃၀ရှိရင် ၃၀လုံးရောင်းချပေးချင်ပါတယ်။ သို့သော်လည်း ကျွန်တော် တို့မှာသူများနိုင်ငံဖြစ်တာတစ်ကြောင်း၊ ကျွန်တော်တို့ကို စေတနာ့ဝန်ထမ်းကူညီပေးနေတဲ့ အဝန်းအဝိုင်းကလူသိနည်းနေသေးတော့ ကျွန်တော်တို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့ဟာတွေ နည်းပါးနေတဲ့အတွက် ကျွန်တော်တို့ ကတစ်ပတ်ကို နှစ်ရက်ပေါ့။ အဲဒီလိုလေးရောင်းပေးပါတယ်ဗျ။ တနင်္လာနေ့ရယ်၊ ကြာသပတေးနေ့ရယ် ရောင်းပေးပါတယ်။အဲဒီလိုရောင်းပေးဖို့ဆို ကျွန်တော်တို့က တနင်္လာနေ့ရောင်းပေးဖို့ကို တနင်္ဂနွေနေ့တည်းက ကြိုတင်ပြီးတော့ လှီးချွတ်၊နောက်နေ့ရောင်းနိုင်အောင် ကျွန်တော်တို့က တစ်ပတ်ကိုနှစ်ရက်ရောင်းတယ်ဆိုရင် ကျွန်တော်တို့က လုပ်အားပေးစေတနာ့ဝန်ထမ်းတွေက လေးရက်အလုပ်လုပ်ရပါတယ်။ လောလောဆယ်က ဘဏ္ဍာရေး အခြေအနေကနေ့စဉ်ရောင်းချပေးလို့ အဆင်ပြေပေမယ့် လုပ်အားပေးလူအင်အား နည်းနေတယ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့နေ့စဉ်ရောင်းချပေးဖို့ ကျွန်တော်တို့မှာအခက်အခဲကြုံနေရလို့ တစ်ပတ်ကိုနှစ်ရက်ပဲ ရောင်းချပေးနိုင်တာပါ။

၅။ ဘယ်လိုလူတန်းစားကို အဓိကထားပြီးရောင်းချပေးနေပါသလဲ။

အဓိကထားချင်တာက CDMဝန်ထမ်းတွေရယ်၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေရယ်၊ စစ်အာဏာသိမ်းပြီးတော့ အမိနိုင်ငံကိုစွန့်ခွာပြီး တဖက်နိုင်ငံမှာ မလုံမခြုံနဲ့ လူမှုဒုက္ခတွေကြုံတွေ့နေရတဲ့ ကျွန်တော်တို့ ဘဝတူရဲဘော် တွေအတွက်ကျွန်တော်တို့အစီအစဉ်တစ်ရပ်အနေနဲ့ ကျွန်တော်တို့ရောင်းချပေးတာပါခင်ဗျ။

၆။ ထမင်းတစ်နပ် ၁၅ ဘတ် အဖွဲ့အနေနဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။

ဘယ်လိုတွေများကူညီဆောင်ရွက်ပေးနေပါသလဲ။ ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။စစ်ဘေးရှောင်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင် ကျွန်တော်တို့က ကျွန်တော်တို့ချက်ပြုတ်တဲ့ တနင်္လာနဲ့ ကြာသပတေးနေ့တွေမှာ ကျွန်တော်တို့ ထပ်ဆောင်းပြီးတော့ လုပ်အားဒါနအနေနဲ့ ချက်ပြုတ်ပေးတာ ရှိပါတယ်။ညနေခင်းပိုင်းပေါ့။ဆိုလိုချင်တာ ကျွန်တော်တို့ကတနင်္လာနေ့ မနက်ခင်းရောင်းတယ်။ ကြာသပတေးနေ့ မနက်ခင်းရောင်းတယ်။ ညနေခင်းစာ ကူညီပါဦး၊ စစ်ရှောင်တွေအတွက် သွားရောက်လှူဒါန်းချင်ပါတယ်လို့ ချိတ်ဆက် လာတဲ့အဖွဲ့တွေရှိတယ်ဆိုရင် စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းချက်ပြုတ်ပြီး ညနေ၄နာရီအမီ ပြင်ဆင်ချက် ပြုတ်ပြီးတော့ကျွန်တော်တို့ထုပ်ပိုးပြီးတော့ ကျွန်တော်တို့ပို့ဆောင်မယ့် ဝန်ဆောင်မှုလေးပါ ကျွန်တော်တို့လုပ်နေပါတယ်ဗျ။အဲဒီထက်ပိုပြီး ထပ်လုပ်စရာလည်း ရှိပါတယ်။ ပိုနေတဲ့အဝတ်အစားတွေကို ကျွန်တော်တို့ စစ်ရှောင်တွေကို ကျွန်တော်တို့ကနေလှူမယ်ဆိုပြီး ချိတ်ဆက်ပြီးတော့ လှူပေးတဲ့အစီအစဉ်လေးပါထပ် လုပ်ထားပါတယ်။ဒီအဖွဲ့လေးရဲ့ရည်ရွယ်ချက်ကတော့ မဲဆောက်ရောက်ဘဝတူရဲဘော်တွေအတွက် သက်သာချောင်ချိရေးအစီအစဉ်တွေကျွန်တော်တို့ တတ်နိုင်သလောက် အမှီအခိုကင်းကင်းနဲ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ စေတနာသန့်သန့်နဲ့ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ။

၇။ နောက်ဆုံးအနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုတာရှိမလဲ။

ကျွန်တော်တို့သည် တာဝန်ရှိပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းအပင်းတွေက တာဝန်မဲ့တယ်လို့ ခံစားနေရတဲ့အတွက် ကျွန်တော်တို့က တာဝန်သိတဲ့အတွက် ကျွန်တော်တို့က ဒီတာဝန်ကို တစ်ပိုင်တစ်နိုင် စတင် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီထက်လည်း ပိုကောင်းတဲ့ အစီအစဉ်တွေအနေနဲ့ ထမင်းတစ်နပ်၁၅ဘတ်အဖွဲ့ သားတွေကကြိုးစားနေပါတယ်။ တာဝန်ရှိတဲ့လူကြီးမင်းများ အနေနဲ့လည်း ကျွန်တော်တို့ကဲ့သို့သော အနှောင်အဖွဲ့ကင်းတဲ့လူသားချင်းစာနာတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ထက် ပိုပေးနိုင်တဲ့အဖွဲ့ တွေကပေးကြပါလို့ အဖွဲ့ကိုယ်စားရော၊ ကျွန်တော်ကိုယ်တိုင်လည်း မဲဆောက်ရောက်ထွက်ပြေးတိမ်းရှောင် ဖြစ်တဲ့အတွက်ဘဝတူတွေကိုယ်စား ကျွန်တော်ကနေ တာဝန်ရှိသူတွေဆီ သံလွင်တိုင်းမ်ကနေ တဆင့် တောင်းဆိုချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.