နေပြည်တော် – စက်တင်ဘာ(၃၀)
ကရင်အမျိုးသားအစည်းအရုံးKNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးဦးဆောင်တဲ့ အဖွဲ့ဟာ ဒီနေ့ စက်တင်ဘာလ(၃၀) ရက်နေ့ မနက်ပိုင်းက နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင် မှာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ ဝါဒဖြန့်မီဒီယာတွေမှာဖော်ပြထားပါတယ်။
တွေ့ဆုံပွဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတာဝန်ရှိ သူတွေတက်ရောက်ခဲ့ပြီး KNU ဘက်မှာတော့ စောမူတူးစေးဖိုးနဲ့ KNU ဗဟိုကော်တီဝင်ဟောင်း ဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
လက်တလောမှာတော့ တွေ့ဆုံပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာ အသေးစိတ်ဖော်ပြထားတာမရှိဘဲ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သာအသိပေးထားပါတယ်။
ဓာတျပုံ – စစျကောငျစီဝါဒဖွနျ့မီဲဒီယာ