ဝေါ – စက်တင်ဘာ(၉)

ပဲခူးတိုင်း၊ဝေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်ရုံးကို KNLA/PDF မဟာမိတ်တပ်ဖွဲ့ ဝင်တွေက ဒရုန်းနဲ့ ဗုံးသီးချပြီး မြေပြင်ကပါဝင်ရောက် ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၃) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MOD က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းက ဝေါမြို့နယ် လက်ပံကျေးရွာမှာရှိတဲ့ စစ်ကောင်စီ၊ ပျူစောထီး အခြေပြုနေထိုင်တဲ့ရုံးကို KNLA / PDF တပ်ရင်း ၃၇၀၂၊တပ်ခွဲ(၄) မဟာမိတ်ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ဗုံးသီးချပြီး မြေပြင်ကပါ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၃) ပွင့်အဆင့်အရာရှိ(၁) ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.