June 2023

ဘီးလင်းကျုံအိတ်တံတားဖောက်ခွဲမှုဟာ စစ်ရေးအရလုပ်ဆောင်ရတာလို့ KNU ပြော

မော်လမြိုင်၊ ဇွန်(၃၀) ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား ဖောက်ခွဲဖျက်ဆီးမှုဟာ စစ်ရေးအရစစ်ကောင်စီတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တာဖြစ်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ် သထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်အကြား ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတားကို ဇွန် ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ တော်လှန် ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတာကြောင့်…

ထားဝယ်မှာ ဦးပိုင်အရာရှိတွေ လိုက်ပါလာတဲ့ယာဉ်တန်း တိုက်မိုင်းထိ

ထားဝယ်၊ ဇွန်(၃၀) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဝကုန်းနဲ့ဘဝပင်ကျေးရွာကြားမှာ ဦးပိုင်အရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းတိုက်မိုင်းထိတာကြောင့် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိန္နားသတ္တုတွင်းစစ်ဆေးပြီး ပြန်လာတဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းဟာ ဇွန် ၂၈ ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲတောင်ကနေ ထားဝယ်ဘက်သို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၂ ကြိမ်…

ညောင်လေးပင်မှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ

ညောင်လေးပင်၊ ဇွန်(၃၀) ကရင်အမျိုးသားအစည်းအရုံ KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး(၂)ဦး သေဆုံးပြီး ကလေး(၄)ဦးအပါအဝင် ဒေသခံ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ သက်ကယ်ကုန်းကျေး ရွာထဲကို ဇွန်လ(၂၄)ရက်နေ့က စစ်ကောင်စီရဲ့ ခလရ(၂၀) တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းရှိ…

မြိုင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး (၅) ဦးထက်မနည်းသေဆုံး

မြိုင် – ဇွန်(၂၉) မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ပျူစောထီး (၅) ဦးထက်မနည်း သေဆုံးသွားတယ်လို့ မြိုင် ပ.က.ဖ ကသတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့နဲ့ (၂၈) ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလို နှစ်ရက်တာတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က…

ထိုင်းကိုတရုတ်ဧည့်သည်ဝင်ရောက်မှုနည်းနေလို့ နိုင်ငံ့ရည်မှန်းချက်နဲ့ လွဲချော်ဖွယ်ရှိ

ဘန်ကောက်၊ ဇွန်(၃၀) ထိုင်းနိုင်ငံကို တရုတ်ခရီးသွားလာရောက်လည်ပတ်မှု မျှော်မှန်းထားတာထက် နည်းနေတာကြောင့် ၂၀၂၃ခုနှစ် နိုင်ငံခြားခရီးသွား သန်း(၃၀) ပြည့်မီရေးရည်မှန်းချက်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ မလေးရှား RHB ဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ RHB ဘဏ်မှ အကြီးတန်းစီးပွားရေးပညာရှင် Barnabas Gan က ၂၀၂၃ ခုနှစ်အတွက် တရုတ်နိုင်ငံမှ ထိုင်း နိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုဟာ ထိုင်းအစိုးရမျှော်မှန်းထားတဲ့ ခုနစ်သန်းအောက်နဲ့ ငါးသန်းအောက်အကြား…

အီးဒ်အားလပ်ရက် စတော့ဟုမ်းဗလီမှာ ဆန္ဒပြသူတွေက ကိုရမ်ကျမ်းကို မီးရှို့

စတော့ဟုမ်း – ဇွန်(၃၀) ဆွီဒင်နိုင်ငံက နေတိုးအဖွဲ့ဝင်ဖို့ ကြိုးပမ်းနေချိန် တူရကီကို ဒေါသထွက်စေတဲ့ လုပ်ရပ်ဖြစ်တဲ့ အမျိုးသားတစ်ဦးက စတော့ဟုမ်းဗဟို ဗလီအပြင်ဘက်မှာ ကိုရမ်ကျမ်းတစ်စောင်ကို ဆုတ်ဖြဲ ကာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က လူမျိုးစု ဒါမှမဟုတ် အမျိုးသားအုပ်စုအပေါ် သွေးထိုးလှုံ့ဆောင်မှုနဲ့ တရားစွဲခဲ့တယ်လို့ သိရပါတယ်။ ဆွီဒင်မှာ အစ္စလာမ်ဆန့်ကျင်ရေးနဲ့ ကာ့ဒ်အခွင့်အရေးတွေအတွက် ဆက်တိုက်ဆန္ဒပြမှုတွေဟာ ဆွီဒင်ကို…

ဩစတြေးလျ ပြည်နယ်ဝန်ကြီးနဲ့ လွှတ်တော်အမတ် တရုတ်နဲ့ပေါင်းပြီး လာဘ်စားမှု ကျူးလွန်

ကန်ဘာရာ – ဇွန်(၃၀) ဩစတြေးလျနိုင်ငံက လူဦးရေအများဆုံးပြည်နယ်ရဲ့ ဝန်ကြီးဟောင်းနဲ့ လွှတ်တော် အမတ် တစ်ဦးတို့ဟာ တရုတ်နဲ့ စီးပွားရေးအပေးအယူတွေမှာ ကာလရှည်ကြာ လာဘ်စားမှုနဲ့ ပါဝင် ပတ်သက်နေတယ်လို့ သိရပါတယ်။ New South Wales ရဲ့အကျင့်ပျက်ခြစားမှုဆိုင်ရာ လွတ်လပ်သော ကော်မရှင်က မစ္စဂလက်ဒီစ့် ဘီရီဂျစ်လီယန်ဟာ သူဝန်ကြီးအဖြစ်တာဝန်ယူနေစဉ်အတွင်း အစိုးရညီလာခံရဲ့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဥပဒေပြဌာန်းသူ Daryl…

ကယားမှာ စစ်ကောင်စီလက်အောက်ခံ မိုင်တဲ ကလွဲပြီး တခြားဖုန်းလိုင်းတွေ အင်တာနက်ဖြတ်ခံရ

လွိုင်ကော် – ဇွန်(၂၉) ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၂၇) ရက်နေ့ ညပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်နေရာတွေ အပါအဝင် နေရာတော်တော်များများမှာ အင်တာနက်၊ဝိုင်ဖိုင်နဲ့ ဖုန်းလိုင်းတွေကို စစ်ကောင်စီ ကဖြတ်တောက်လိုက်ပြီး သူတို့လက်အောက်ခံ မိုင်တဲဖုန်းလိုင်းသာ အသုံးပြုလို့ရတော့တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ(၂၉) ရက်နေ့ မနက်ပိုင်းမှာတော့ မြို့ပေါ်နေရာတွေမှာ စစ်တပ်ပိုင် မိုင်တဲ က အင်တာ…

“ကျွန်တော်တို့လူထုတွေ အားလုံးသိတဲ့အတိုင်းပဲ စကစရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ခံနေရတဲ့သူတွေ ရှိနေပါတယ်။ လူထုရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ဘေးကင်းလုံခြုံစွာ အကူအညီရနိုင်ဖို့ အတွက် နိုင်ငံတကာကို တောင်းဆိုထားတာ ရှိပါတယ်”

မြန်မာနိုင်ငံဆေးပညာရှင်များအသင်းရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ ထိုင်းမြန်မာနယ်စပ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ စစ်ကောင်စီလက်ထက် စိုးရိမ်ဖွယ် ဖြစ်လာတဲ့ ကျန်းမာရေးကဏ္ဍအခြေအနေတွေအပြင် ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးတာတွေ လုပ်ဆောင်ခဲ့သလို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေထံ အချက် ၄ ချက်တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ညီလာခံမှာ ဆွေးနွေးဖြစ်တဲ့…