June 2023

မြိတ်-တနင်္သာရီလမ်းမှာ အုတ်တင်ကားနဲ့ ခရီးသည်တင်ကားတိုက်၊ (၉) ဦးဒဏ်ရာရ

မြိတ် – ဇွန်(၃၀) တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျား ကျေးရွာ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်မှာ ခရီးသည်တင်ကားနဲ့ အုတ်တင်ကား တိုက်မိခဲ့တဲ့အတွက် (၉) ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ ဇွန်လ(၃၀) ရက်နေ့ မနက်ပိုင်းက မြိတ်ကနေ ကော့သောင်းကို ဆင်းလာတဲ့ မိုးသောက်ကြယ် ခရီးသည်တင်ကားနဲ့ တနင်္သာရီကနေ မြိတ်ဘက်ကိုလာတဲ့…

ယန်းငွေ အလွန်အကျွံကျဆင်းမှုကို ဂျပန်ဘဏ္ဍာရေးဝန်ကြီးက သတိပေး

တိုကျို၊ ဇူလိုင်(၁) ဂျပန်ငွေကြေးဟာ ခုနစ်လအတွင်း ဒေါ်လာနှင့်ယှဉ်ရင် အနိမ့်ဆုံးသို့ ထိုးကျသွားပြီးတဲ့နောက် ယန်းငွေဟာ အလွန်အကျွံ ကျဆင်းလာပါက ဂျပန်နိုင်ငံအနေနဲ့သင့်လျော်သော ခြေလှမ်းတွေပြင် ဆင်ချမှတ်မှာဖြစ်တယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဆူနီချီ ဆူဇူကီးက ဇွန်လ (၃၀) ရက်နေ့မှာ ပြောခဲ့ ပါတယ်။ ဈေးကစားသူတွေကို ဂျပန်အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်ပေးရတဲ့အထိ အဆင့်တစ်ခု ဖြစ်နေတဲ့ ဂျပန်ရဲ့ငွေကြေးကျဆင်းမှုကြောင့် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ယန်းငွေကို အလွန် အမင်းရောင်းချခြင်းမပြုဖို့…

ဖေ့စ်ဘွတ်ခ်အသုံးပြုခွင့်ပိတ်ပစ်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ခြိမ်းခြောက်

ဖနွမ်းပင်၊ ဇူလိုင်(၁) ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်ရဲ့ နိုင်ငံရေးအတိုက်အခံတွေကို သွေးထွက်သံယို ဖြစ်အောင်လုပ် မယ်လို့ ခြိမ်းခြောက်ထားတဲ့ ဗီဒီယိုတစ်ခုကို ဖေ့ဘုတ်ကနေ ဖယ်ရှားဖို့ Meta ကုမ္ပဏီက ပြောကြားခဲ့ပြီးတဲ့ နောက် နိုင်ငံအတွင်း Facebook ကို အသုံးပြုခွင့်ပိတ်ပစ်လိုက်မယ် လို့ ဝန်ကြီးချုပ်က ဇွန်(၃၀) ရက်နေ့မှာ ပြန်လည်ခြိမ်းခြောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီကို အဓိကစိန်ခေါ်နိုင်မယ့်သူအား ပါတီမှတ်ပုံ…

တရုတ်သူလျှိုမိုးပျံပူဖောင်းက အမေရိကန်ရဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ခဲ့ခြင်းမရှိလို့ ပင်တဂွန်ပြောကြား

ဝါရှင်တန်၊ ဇူလိုင်(၁) ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး အမေရိကန် လေပိုင်နက်ထဲ ပျံသန်းခဲ့လို့ အမေ ရိကန်တိုက်လေယာဉ်က ပစ်ချခဲ့တဲ့ တရုတ်သူလျှိုမိုးပျံ ပူဖောင်းဟာ ထောက်လှမ်းရေးဆိုင်ရာအချက်အလက် တွေကို မစုဆောင်းနိုင်ခဲ့ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ဇွန်လ (၂၉) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အကဲဖြတ်ချက်တစ်ခုအရ အမေရိကန်ကို ဖြတ်ကျော် ပျံသန်းနေချိန်မှာ ဘာအချက်အလက်မှ မစုဆောင်းနိုင်ခဲ့ဘူး” လို့…

“ဆွေးနွေးနေတဲ့သူတွေက စစ်ကောင်စီနဲ့ ပေါင်းနေတယ်ဆိုပြီး ပြောနေကြတာရှိတယ်။ အမှန်ကအားလုံးရဲ့ ရည်မှန်းချက်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပါပဲ”

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ဟာ စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်အရ ဇွန် ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နေပြည်တော်မှာ ၃ ရက်တာဆွေးနွေးခဲ့တာပါ။ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် အသေး စိတ်အချက်အလက်တွေအပါအဝင် မူပိုင်းဆိုင်ရာ သဘောတူညီချက် (၄) ချက်ကို လက်မှတ်ရေးထိုးခဲ့ကြ တယ်လို့အပစ်ရပ်…

ရေးမြို့နယ် နှစ်ကရင်ဒေသခံတွေကို စစ်ကောင်စီတပ် လိုက်လံဖမ်းဆီးနေ

ရေး၊ ဇွန်(၃၀) မွန်ပြည်နယ်ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို အကြောင်းပြချက်မရှိဘဲ လိုက်လံဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက နှစ်ကရင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ကနေ ပြည်သူတွေကို အကြောင်းပြချက်မရှိဘဲ လိုက်လံဖမ်းဆီးနေတာပါ။ စစ်ကောင်စီတပ်ဟာ ဇွန် ၂၉…

စစ်အာဏာသိမ်း (၈၇၉)ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၇၂၈ ဦးအထိရှိလာ

မော်လမြိုင်၊ ဇွန်(၃၀) AAPP ရဲ့ ဇွန်(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၇၉)ရက်အတွင်း ပြည်သူ (၃၇၂၈)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၃၆၄၄ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၃၅၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းမယ်လို့ အပစ်ရပ် ၅ ဖွဲ့ပြော

နေပြည်တော်၊ ဇွန်(၃၀) NCA စာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ အပစ်ရပ် ၅ ဖွဲ့က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီနဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် ထုတ်ပြန်လိုက်တာပါ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ဟာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အရ ဇွန် ၂၆…