May 3, 2023

သူနာပြုဥပဒေနဲ့ ပတ်သက်ပြီး တောင်ကိုရီယားအသိုင်းအဝိုင်းက ဆရာဝန်တွေကန့်ကွက်ဆန္ဒပြ

ဆိုးလ်၊ မေ(၄) သူနာပြုတွေရဲ့ လစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေ တိုးမြင့်လာတာနဲ့အညီ သူနာပြုဥပဒေကြမ်းကလည်း ဆရာဝန်တွေရဲ့ အလုပ်ကိုထိခိုက်လာမှာစိုးရိမ်တာကြောင့် တောင်ကိုးရီးယားက ဆရာဝန် (၁) သောင်းကျော် ဟာ မေလ (၃) ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဲဒီဥပဒေကြမ်းဟာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရှေ့တန်း စစ်မျက်နှာမှာ တိုက်ပွဲတွင် အနစ်နာခံအပင်ပန်းခံနေတဲ့ သူနာပြုတွေကိုကူညီဖို့…

နေတိုး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်မယ်

တိုကျို – မေ(၄) နေတိုးအဖွဲ့က အာရှဒေသတွင်း တိုင်ပင်ဆွေးနွေးမှုတွေကို ပံ့ပိုးဆောင်ရွက်နိုင်ဖို့အတွက် ပထမဆုံး ဆက်ဆံရေးရုံးကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ဂျပန်နဲ့ နေတိုး အာဏာပိုင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Nikkei Asia မှာဖော်ပြထားပါတယ်။ အဲဒီဆက်ဆံရုံးဟာ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ နယူးဇီလန် စတဲ့ နေတိုးတပ်ဖွဲ့ရဲ့ လုံခြုံရေးမိတ်ဖက်တွေနဲ့အတူ တရုတ်နဲ့ ရုရှား…

ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့် တိုက်ခိုက်ခံနေရတယ်လို့ ကုလသတိပေး

ဝါရှင်တန် – မေ(၄) နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF) က ကမ္ဘာပေါ်ရှိ နိုင်ငံ(၁၀) နိုင်ငံမှာ (၃) နိုင်ငံ အတွင်းသာ သတင်းသမားတွေအတွက် ကျေနပ်အားရဖွယ်ရှိတယ်လို့ ဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်မှုခံနေရတယ်လို့ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ဂျာနယ်လစ် (၅၅) ဦးနဲ့ မီဒီယာလုပ်သားလေးဦး တာဝန်ထမ်းဆောင်နေ…

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် ကိုယ်တိုင်ထိန်းညှိမှုယန္တယား ဖွဲ့စည်းဖို့ တိုင်းရင်းသားမီဒီယာညီလာခံ ဆုံးဖြတ်

မော်လမြိုင် – မေ(၃) လွတ်လပ်တဲ့ မြန်မာ့သတင်းမီဒီယာတွေကို ထိန်းကျောင်းပေးမယ့် အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်း ညှိမှု ယန္တယားလုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တယ်လို့ (၈) ကြိမ်မြောက် တိုင်းရင်းသား မီဒီယာ ညီလာခံကနေ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးပတ်က (၃) ရက်တာကျင်းပခဲ့တဲ့ မြန်မာ့မီဒီယာတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ၊ရေရှည်ရပ်တည်နိုင်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍ အတွက် (၈)…

သေဒဏ်ကျ အကျဉ်းသား(၃၈) ဦးကို ထောင်ဒဏ်တစ်သက် လျော့ပေါ့ပေးမယ်လို့ စစ်ကောင်စီ ကြေညာ

နေပြည်တော် – မေ(၃) အကျဉ်းထောင်အသီးသီးမှာ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူ (၃၈) ဦီးကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့်ပေးပြီး ထောင်ဒဏ်တစ်သက် ပြောင်းလဲကျခံစေခဲ့တယ်လို့ စစ်ကောင်စီ က ထုတ်ပြန်လာပါတယ်။ အကျဉ်းသားတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)အရ သေဒဏ်ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်တစ်သက်သို့ ပြောင်းလဲ ကျခံ စေတယ်လို့ ဆိုထားတာပါ။ ဒါပေမယ့် စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အကျဉ်းသား…

ရန်ကုန်တိုင်းစစ်ကောင်စီ စီးပွားရေးဝန်ကြီးဟောင်း ထောင်ကျနေစဉ် သေဆုံး

ရန်ကုန် – မေ(၃) ရန်ကုန်တိုင်းစစ်ကောင်စီ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦးဟာ အင်းစိန်ဗဟိုအကျဉ်းထောင်ထဲကနေ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေ ကသံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မေလ(၃) ရက်နေ့မှာ သေဆုံးသွားတာဖြစ်ပြီး ဘယ်လို အခြေအနေကြောင့် သေဆုံးသွားတယ် ဆိုတာတော့ မသိရသေးပါဘူး။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဦးအောင်သန်းဦးဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စီးပွားရေးရာ ဝန်ကြီးအဖြစ် စစ်ခေါင်းဆောင်ခန့်အပ်ခဲ့ပြီးနောက် မြေကွက်ချထားပေးမှုတွေနဲ့ပတ်သက်ပြီး အဂတိ…

သတင်းထောက် မမေဘယ် ပြန်လွတ်လာ

မော်လမြိုင် – မေ(၃) မဇ္ဈိမသတင်းဌာနရဲ့ အလွတ်တမ်းသတင်းထောက်တစ်ဦးဖြစ်သူ မငြိမ်းငြိမ်းအေး(ခ) မေဘယ် ဟာ စစ်ကောင်စီလွတ်ငြိမ်းချမ်းသာခွင့်နဲ့ သာယာဝတီအကျဉ်းထောင်ကနေ ဒီနေ့ ပြန်လွတ်လာတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့မှာ သတင်းယူနေချိန် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ခံရပြီးနောက် ပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်တွင်းတရားရုံးက မမေဘယ်ကို…

နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော် စစ်ကောင်စီ ပြန်လွှတ်

နေပြည်တော် – မေ(၃) အာဏာသိမ်းစစ်ကောင်စီက ကဆုန်လပြည့်အထိမ်းအမှတ် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၂၁၅၃) ဦး ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာရှိတဲ့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားနဲ့ အကျဉ်းသူတွေကို လွှတ်ငြိမ်းခွင့်ပေးလိုက်တာပါ။ စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသား တွေကို လွတ်ပေးတာဟာ ကဆုန်လပြည့် အထိမ်းအမှတ် အပြင် ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့…