တရုတ်လွှမ်းမိုးမှုမရှိကြောင်း ငြင်းဆိုခဲ့တဲ့ ကနေဒါလွှတ်တော်အမတ် ပါတီက နုတ်ထွက်
အော့တ်ဝါ၊ မတ်(၂၄) တရုတ်-ကနေဒါ လွှတ်တော်အမတ်တစ်ဦးဟာ ဘေဂျင်းအစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေ သတင်းမီဒီယာမှာဖော်ပြခံခဲ့ရပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် ဂျက်စ တင် ထရီဒိုးဦးဆောင်တဲ့ လစ်ဘရယ်ပါတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဘေဂျင်းရဲ့ ထောက်ခံမှုကြောင့် ၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဖြစ်ခဲ့တဲ့ တိုရွန်တိုဒေသပါလီမန်အမတ် ဟန်ဒေါင်းကို ထုတ်ပယ်ဖို့ နိုင်ငံရဲ့ထောက်လှမ်းရေးအေဂျင်စီက ပါတီကို…