တရုတ်လွှမ်းမိုးမှုမရှိကြောင်း ငြင်းဆိုခဲ့တဲ့ ကနေဒါလွှတ်တော်အမတ် ပါတီက နုတ်ထွက်

0
5555

အော့တ်ဝါ၊ မတ်(၂၄)

တရုတ်-ကနေဒါ လွှတ်တော်အမတ်တစ်ဦးဟာ ဘေဂျင်းအစိုးရနဲ့ အဆက်အသွယ်ရှိကြောင်း အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေ သတင်းမီဒီယာမှာဖော်ပြခံခဲ့ရပြီးတဲ့နောက်မှာ ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့ပြီး ဝန်ကြီးချုပ် ဂျက်စ တင် ထရီဒိုးဦးဆောင်တဲ့ လစ်ဘရယ်ပါတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

ဘေဂျင်းရဲ့ ထောက်ခံမှုကြောင့်  ၂၀၁၉ ရွေးကောက်ပွဲမတိုင်မီ လစ်ဘရယ် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ် လောင်း ဖြစ်ခဲ့တဲ့ တိုရွန်တိုဒေသပါလီမန်အမတ် ဟန်ဒေါင်းကို ထုတ်ပယ်ဖို့ နိုင်ငံရဲ့ထောက်လှမ်းရေးအေဂျင်စီက ပါတီကို  သတိပေးခဲ့တယ်ဆိုတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို ဝန်ကြီးချုပ်ထရီဒိုးက ပြီးခဲ့တဲ့ လမှာ ငြင်းဆိုခဲ့ပါတယ်။

ဟန်ဟာ သူလျှိုမှုနဲ့ ထိန်းသိမ်းခံထားရတဲ့ ကနေဒါနိုင်ငံသားနှစ်ဦးကို ပေကျင်းအနေနဲ့ ကင်းလွတ်ခွင့်ပေးဖို့ အကြီးတန်းတရုတ်သံတမန်တစ်ဦးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အကြံပေးခဲ့တယ်လို့ ကနေဒါရုပ်သံလွှင့်ဌာ နတစ်ခုဖြစ်သည့် Global News ဖော်ပြခဲ့ပါတယ်။

“သူတို့ကို ထိခိုက်နစ်နာအောင် ငါဘာမှ မလုပ်ခဲ့ဘူး။  ဒီအိမ်ကလူတွေအားလုံးလိုပဲ သူတို့ရဲ့အကျိုးစီးပွား အ တွက် ငါအစွမ်းကုန် ကြိုးစားခဲ့တယ်” လို့ ဟန်က လွှတ်တော်မှာ ပြန်လည်ပြောကြားခဲ့တာပါ။

အခုသီတင်းပတ်အစောပိုင်းမှာ ဝန်ကြီးချုပ်ဟာ အတိုက်အခံတွေရဲ့ ဖိအားပေးမှုကို ဦးညွှတ်ခဲ့ပြီး သူ့ရဲ့ ထိပ် တန်းလက်ထောက်တွေကို  တရုတ်ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့အ ချက်တွေကို ပါလီမန်ကော်မတီရှေ့မှာ သက်သေခံဖို့ သဘောတူခဲ့တာလည်း ဖြစ်ပါတယ်။

“ဖော်ပြထားတာတွေက လွဲမှားနေပြီး ဒီလုံးဝမမှန်တဲ့ စွပ်စွဲချက်တွေကို ကျွန်တော် ခုခံကာကွယ်သွားမှာပါ” လို့ဆိုကာ ပါလီမန်တွင် တစ်သီးပုဂ္ဂလအဖြစ် ထိုင်ပြီး လစ်ဘရယ်ပါတီမှ နုတ်ထွက်မယ်လို့  ဟန်က ကြွေးကြော် ခဲ့တာပါ။

“အစိုးရ ကော်မတီမှာ ထိုင်တာက အခွင့်ထူးတစ်ခုဖြစ်ပြီး ကျွန်တော့်ရဲ့ တည်ရှိမှုကို တာဝန်ဝတ္တရားအရ ကွဲလွဲမှုတစ်ခုအဖြစ် တချို့က မြင်နိုင်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ နေရာမှားနေတယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.