အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းဖို့တောင်းဆို

0
2320

ရန်ကုန်၊ မတ်(၁၅)

မြန်မာနိုင်ငံရဲ့ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းအားလုံး ရပ်ဆိုင်းဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ Karen Rivers Watchက တောင်းဆိုလိုက်ပါတယ်။

မတ်(၁၄)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့နဲ့ ရေကာတာဆန့်ကျင်ရေးနေ့အ တွက် ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ Karen Rivers Watch က သဘောထားထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံရှိ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေဟာ မြစ်ဝှမ်း ဒေသရှိ သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတွေအတွက် ဆိုးကျိုးတွေရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သက်ရှိမြစ်တွေနဲ့ ဂေဟစနစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ လူမှုဘဝနဲ့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများတဲ့ မြန်မာနိုင်ငံရှိ မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစား ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာအစိုးရ ကုလသမဂ္ဂအေဂျင်စီ ရင်းနှီးမြုပ်နှံသူတွေနဲ့ လူပုဂ္ဂိုလ်တွေအားလုံးထံ တောင်းဆိုလိုက်တာပါ။

KRW အဖွဲ့ရဲ့ ပြောခွင့်ရသူ စောသာဘိုးကတော့ စစ်အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း မြန် မာနိုင်ငံရှိ တိုင်းရင်းသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ပိုမိုများပြားလာသလို အ ရေးတယူဆောင်ရွက်တဲ့ ယန္တရားတွေ ယိုယွင်းပျက်စီးလာတယ်လို့လည်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်ကလည်း ကရင်ပြည်နယ် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေကာတာစီမံကိန်းကို ပြန် လည်လုပ်ဆောင်မယ်လို့ အသိပေးကြေညာထားတာ ဖြစ်ပါတယ်။

ဟတ်ကြီးရေကာတာစီမံကိန်းနေရာမှာ (၂၀၁၄)ခုနှစ်ကတည်းက စစ်ရေးပဋိပက္ခဖြစ်ပေါ်ခဲ့ကာ ဒေသနေပြည်သူ တွေမှာလည်း နေရပ်စွန့်ခွာထွက်ပြေးရတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိမှာလည်း စစ်တပ်ရဲ့လေကြောင်း၊ ကုန်းကြောင်းနဲ့ ထိုးစစ်ဆင်တာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် တောတောင်တွေထဲ ပုန်းခိုနေထိုင်ကြရကာ လူသားချင်းကူညီမှုအ ထောက်အပံ့တွေကို အရေးတကြီးလိုအပ်လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.