ဘန်ကောက်၊ မတ်(၃)

အမျိုးသား ၁၅ ဦးက အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တဲ့အတွက် တရားမျှတမှုရရှိရေးဖို့ ကလေးသူငယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်းက လှုံ့ဆော်စည်းရုံးမှုတွေ လုပ်ဆောင် နေတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။  

အဲဒီလူတွေထဲက အမျိုးသား (၁၁) ဦးဟာ ထိုင်းရဲအရာရှိတွေအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဆယ်ကျော် သက် မိန်းကလေးကို ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လီယိုပြည်နယ်မှာ (၂) နှစ်တာကာလအတွင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ယူဆရတာဖြစ်ပါတယ်။

ကလေး၊ လူငယ်နဲ့ မိသားစု စောင့်ရှောက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူတွေဟာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ်ရဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရမှုအတွက် တရားမျှတမှုရှိစေဖို့ တရားရေးဝန်ကြီးထံ စာတစ်စောင် ပေးပို့ခဲ့တယ်လို့  KhaoSod နဲ့ DailyNews သတင်းဌာနတို့က ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် မတ်လ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ အဲဒီဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ကို အမျိုးသား (၁၅) ဦးမှ အကြိမ်ကြိမ် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ပြီး သူတို့ထဲမှာ ထိုင်းတော်ဝင်ရဲအရာရှိ (၁၁) ဦး ထက်မနည်းပါဝင်တယ်လို့ ဆိုပါတယ်။

KhaoSod သတင်းဌာနရဲ့ သတင်းပေးပို့ချက်အရ ကျူးလွန်ခံရသူ အမျိုးသမီးငယ်ဟာ အုပ်စုဖွဲ့မုဒိမ်း ကျင့်မှုကြောင့် ကိုယ်ဝန်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ချိုင်ကလွန်ရဲစခန်းမှ တာဝန်ရှိသူတွေက သံသယရှိသူ ရဲအရာရှိ (၁၁) ဦးကို ဖမ်းဆီးခဲ့ပြီးသူတို့ထဲက (၅) ဦးကို အာမခံဖြင့် လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ခြောက်ဦးမှာ အာမခံ ငြင်းဆိုခံထားရတယ်လို့ သိရပါတယ်။
နောက်ထပ် သံသယရှိသူ လေးဦးပါဝင်တယ်လို့ ယူဆရပေမယ့်လည်း ဖော်ထုတ်နိုင်ခြင်း မရှိသေးသလို ဘယ်အချိန်ဖမ်းဆီးရမိမယ်ဆိုတာလည်း မသိရသေးပါဘူးလို့ ဆိုပါတယ်။

ဖောင်ဒေးရှင်းမှ အကြံပေးအရာရှိက ဒုရဲအုပ်ရာထူးရှိ ရဲအရာရှိတစ်ဦးဟာ သူ့ရဲ့ လက်အောက်ငယ်သား (၁၀) ဦးထက်မနည်းနဲ့ အတူ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ဦးဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်ခံရသူဟာ နေထိုင်ရာပြည်နယ်တွင်းမှ ထွက်ပြေးခဲ့ပေမယ့်လည်း အဲဒီရဲအဖွဲ့က နှောင့်ယှက်မှုကို ဆက်လက်ခံနေရဆဲဖြစ်ကြောင်း အကြံပေးအရာရှိက အတည်ပြုပြောကြားခဲ့ပါတယ်။

လွတ်မြောက်လာတဲ့ သံသယရှိသူအများစုကြောင့် ကျူးလွန်ခံရသူအနေဖြင့် မလုံခြုံဘူးလို့ ယူဆတဲ့အတွက် အမှုကို အရှိန်မြှင့်ဖို့ အာဏာပိုင်တွေကို ဆွေမျိုးတော်စပ်သူတွေက ဖိအားပေးနေခဲ့ပါသေးတယ်။

ကျူးလွန်ခံရသူမိန်းကလေးငယ်ရဲ့ မိသားစုဝင်တွေဟာလည်း  မျက်မမြင်ဖြစ်ပြီး မသန်စွမ်းသူ မိခင်နဲ့ အဘွားတို့သာရှိတဲ့အတွက် မိသားစုဟာ အန္တရာယ်ရှိနေကြောင်း ဖောင်ဒေးရှင်းက ပြောပါတယ်။

ကလေးဖောင်ဒေးရှင်းအနေနဲ့  မိသားစုဝင်တွေလုံခြုံရေးနဲ့ ဖောင်ဒေးရှင်းမှ တရားမျှတမှုအတွက် တောင်းဆိုမှု တွေအပြင် ဒီအမှုကို ဖြစ်ရပ်မှန်လေ့လာမှုအဖြစ် အသုံးပြုကာ ပိုမိုကောင်းမွန်ပြီး ထိရောက်မှုရှိစေဖို့ ပြုလုပ်ခဲ့ပါ တယ်။
ဖောင်ဒေးရှင်းအနေနဲ့  ဝန်ကြီးဌာနရဲ့ တရားစီရင်ရေးလုပ်ငန်းစဉ်မှာ အားသာချက်တွေနဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ တရားရေး ဝန်ကြီးဌာနသို့ တောင်းဆိုချက် ၃ ချက်ဖြင့် အမှု ဆက်လက်ဖွင့်ဆိုခဲ့ပါတယ်။

အခုအမှုဟာ ဖန်ငခရိုင်ထဲမှာ ၂၀၁၆ ခုနှစ်က အသက် ၁၄  နှစ်အရွယ် အလားတူကလေးငယ်တစ်ဦးအား အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်စဉ်နဲ့ အလွန်ဆင်တူတယ်လို့ ပြောဆိုထားပြီးသံသယရှိသူ ၄၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့တာပါ။

အမျိုးသားတွေဟာ မုဒိမ်းမှုကို ရိုက်ကူးခဲ့ပြီး အဲဒီဗီဒီယိုဖိုင်ကို အသုံးပြုကာ ကလေးကို ထပ်မံ အတင်းအကျပ် လိင်ဆက်ဆံဖို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ ဆယ်ကျော်သက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုနဲ့ ပြင်းထန်တဲ့ပြစ်ဒဏ်အသီးသီး ကျခံခဲ့ကြရပါတယ်။

အလားတူ ၂၀၂၀ ခုနှစ်မှာလည်း လူခြောက်ဦးရဲ့အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းခံရတဲ့အတွက် ၁၃ နှစ်အရွယ် ကိုယ်ဝန် ဆောင်မိန်းကလေးငယ်ဟာ ဘန်ကောက်မြို့ရှိ အဆောက်အအုံတစ်ခုမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Ref: The Thaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.