နယူးဒေလီ – မတ်(၄) 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပတဲ့ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ် အရေးတင်းမာမှုတွေတိုးမလာစေဖို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ချ်နာ က တရုတ်နဲ့ အမေရိကန်ကို တောင်းဆိုလိုက် ပါတယ်။ 

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဘာလာခရစ်ချ်နာက အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို ရင်ဆိုင်ဖို့ နိုင်ငံအားလုံးအတူတကွ အလုပ်လုပ်ကိုင်ဖို့ လိုအပ်တယ်လို့ ဆိုခဲ့တာပါ။ 

“အဘယ်သို့သော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖို့ဆို ကျွန်ုပ်တို့ ရှေ့ကနေဖို့ ကျွန်ုပ်တို့ အတွက်က အမေရိကန်နှင့် တရုတ် ၂ နိုင်ငံစလုံးရဲ့ ဦးဆောင်မှုကိုလိုအပ်ပါတယ်” လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ အသေးစားအလတ်စားအဖွဲ့ဝင်(၃၀) ပါဝင်တဲ့ Global Governance အဖွဲ့ရဲ့ အစည်းအဝေးတွေကို ဦးဆောင်သူအဖြစ် စင်္ကာပူနိုင်ငံကို ဒီG-20 အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားထားတာဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကြား ပိုမိုပူပေါင်းဆောင်ရွက်မှုကို လွယ် ကူချောမွေ့စေဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား ပါတယ်။ 

“ယူကရိန်းမှာရှိတဲ့ စစ်ပွဲတွေအားလုံးကို ရပ်တန့်ရမှာပါ။ ကျွန်ုပ်တို့ အားလုံးလုပ်ဖို့လိုအပ်တာက နိုင်ငံ အကြီးအသေး ခွဲခြားခြင်းမရှိပဲ အားလုံးရဲ့အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ကုလ သမဂ္ဂပဋိဥာဥ်အတိုင်းဆောင်ရွက်ကြဖို့ပါ” လို့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးက ပြောပါသေးတယ်။ 

အစည်းအဝေးမှာ ကိစ္စရပ်အတော်များများကို သဘောတူညီမှု ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံစုံဝါဒ အရေး၊ အစားအစာနဲ့ လောင်စာလုံခြုံရေး၊ရာသီဥတုပြောင်းလဲမှု၊ ကျားမရေးရာပြဿနာ၊ ကမ္ဘာလုံးတိုင်ရာ ကျန်းမာရေးကဏ္ဍ အပြင် အကြမ်းဖက်ကိစ္စ တို့ ပါဝင်ပါတယ်။ 

ဒါ့အပြင် စင်္ကာပူနိုင်ငံဟာ ဩစတြေးလျ၊ဘရာဇီးလ်၊ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဆော်ဒီအရေးဗျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ယူကေအစိုးရတို့နဲ့ တွေ့ဆုံသွားမှာဖြစ်ယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ 

G-20 အစုအဖွဲ့မှာ ကမ္ဘာ့စီးပွားရေးအရ အင်အားအကြီးဆုံး နိုင်ငံ(၁၉) နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ ပါဝင်တယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.