ခင်ဦး – မတ်(၂)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပစ်ခတ်နေတဲ့ အတွက် ပြည်သူတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ဒေသခံတွေကသံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့မတ်လ(၂) ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ယာတော် နဲ့ ကျွန်းတောကြီးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးနောက် အကြောင်းမဲ့ ပြည်သူပိုင်နေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးနေတာပါ။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေအပြင် မြင်းဒေါင်း၊မြင်းကျ၊မကျီးအုပ်၊ သရက်ပင်စု၊ အင်တိုင်းလေး(တောင်၊မြောက်)၊ဥယျာဉ်နဲ့ သာဝတ္တိရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရတာ ဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အညာဒေသကို နေ့စဉ်လိုလိုစစ်ကြောင်းထိုးတာ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ဟာ၊ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံ တွေဟာ နီးစပ်ရာ တောတောင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးစခန်းတွေမှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂) သန်းကျော် စစ်ဘေးရှောင်နေရပြီး သူတို့အတွ်အတွက် စားနပ်ရိက္ခာဆေးဝါးနဲ့ အခြေခံ လူ့အသုံးအဆောင် ပစ္စည်းတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.