February 2023

တနင်္သာရီက စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်နေ

တနင်္သာရီ၊ ဖေဖော်ဝါရီ(၂) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ ကျော်အတွက် စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။ တနင်္သာရီမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေဟာ နှစ်ဖက်တိုက်ပွဲကြောင့် ဘေးလွတ်ရာနေရာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား စစ်ရေးဆက်လက် တင်းမာနေသလို စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ရိက္ခာဝယ်ယူဖို့…

စစ်အာဏာသိမ်း (၇၃၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၉၄၇ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂) AAPP ရဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၃၁)ရက်အတွင်း ပြည်သူ (၂၉၄၇)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၅၉၈ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၈၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာတာကြောင့် အိမ်ရှင်မတွေ ဒုက္ခကြုံနေရ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂) မွန်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းမှာ အခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာတာကြောင့် ဝယ်ယူစားသောက်နိုင်ရေးအတွက်ပင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ အခုရက်ပိုင်းအတွင်း ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ် ၅၅၀၀၀ ကနေ ကျပ် ၆၂၀၀၀ လောက် အထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စုဝင် ဧည့်မထကလည်း တစ်အိတ်ကို ကျပ်…

မကွေးတိုင်း ပခုက္ကူမှာ နှစ်ရက်အတွင်းနေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

မကွေး၊ ဖေဖော်ဝါရီ(၂) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း နေအိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနဲ့ ဆားကျင်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတာကြောင့် ကန်တော်ကျေးရွာက နေအိမ်အလုံး ၇၀…

ပါတီတည်ထောင်လိုသူတွေ ရက်ပေါင်း ၆၀ အတွင်း လာရောက်လျှောက်ထားကြဖို့ စစ်ကောင်စီကော်မရှင် ထုတ်ပြန်

နေပြည်တော်၊ ဖေဖော်ဝါရီ(၂) နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ရက်ပေါင်း ၆၀ အတွင်း လာရောက်လျှောက်ထားကြဖို့ စစ်ကောင်စီ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်းသတ်မှတ်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေကို စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အရေးပေါ်ကာလသက်တမ်း…

အသံတိတ်သပိတ်မှာ မွန်ပြည်နယ်က ဒေသခံပြည်သူအများစုပါဝင်ခဲ့

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂) နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ မတရားအာဏာသိမ်းယူခဲ့တဲ့ စစ်တပ်အာဏာသိမ်း၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်လှုပ်ရှား မှုကို မွန်ပြည်နယ်အတွင်းက ဒေသခံပြည်သူအများစု ပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တသံတည်းညီ၊ တချီတည်းရုန်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို မွန်ပြည်နယ်ရဲ့ မြို့နယ်အသီးသီးမှာ ပြုလုပ်ခဲ့တာပါ။ အသံတိတ်သပိတ်မှာ မွန်ပြည်နယ်အတွင်းရှိ…

မွန်ပြည်နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဖြစ်လာ

မော်လမြိုင် – ဖေဖော်ဝါရီ (၁) စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မွန်ပြည်နယ် ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်ကြည်သိန်းကို မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဦးအောင်ကြည်သိန်းကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်းနဲ့…

စစ်ကောင်စီ သက်တမ်း ၆ လ ထပ်တိုးပြီး အာဏာဆက်ယူ

မော်လမြိုင် – ဖေဖော်ဝါရီ (၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ နိုင်ငံတော် အရေးအပေါ်အခြေအနေကာလကို စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်အဝေးကနေ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးလိုက်တယ်လို့ စစ်ကောင်စီဘက်က ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ညဦးပိုင်မှာ ထုတ်ပြန်လာတာပါ။ မနေ့ ဇန်နဝါရီ ၃၁…