ပါကစ္စတန်ဗလီမှာ အသေခံဗုံးခွဲမှုဖြစ်ပွား၊ အများအပြားထိခိုက်သေဆုံးခဲ့

0
4049

ကရာချီ – ဖေဖော်ဝါရီ(၁) 

ပါကစ္စတန်နိုင်ငံမှာ လုံခြုံရေးအထူထပ်ဆုံးချထားပြီး လူအများအပြားဝင်ရောက်လေ့ရှိတဲ့ ဗလီကျောင်းဝန်းအတွင်းကို အသေခံဗုံးခွဲသမားဝင်ရောက်ဖောက်ခွဲပြီးနောက် လူ(၅၉) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်သေဆုံးမှု များပြားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ အစ္စလာမ်မစ် စစ်သွေးကြွတွေက ရဲတပ်ဖွဲ့ တွေကို ဦးတည်တိုက်ခိုက်ခဲ့တာပါ။ 

အသေခံဗုံးခွဲသမားဟာ ရဲတပ်ဖွဲ့က တားမြစ်ထားတဲ့ အတားအဆီး တွေကို ဖြတ်ကျော်ပြီး အနီ ရောင်ဇုံထဲဝင်ရောက်ကာ တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန်အနောက်မြောက်ဘက် မြို့တော် ဖရှာဝါ မှာရှိတဲ့ ရဲစခန်းနဲ့ အကြမ်းဖက်နှိမ်နင်းရေးရုံးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရ ပါတယ်။ 

ဖရှာဝါ ရဲတပ်ဖွဲ့ အကြီးအကဲ က ဒါဟာ အသေခံဗုံးခွဲမှု ဖြစ်ရပါပါ လို့ ပြောခဲ့ပြီး လူ(၁၇၀) ကျော် အရေးပေါ် အခြေအနေဖြစ်တဲ့အထိ ဒဏ်ရာရရှိထားကြတယ်လို့ ဆိုပါတယ်။ 

 မြို့တော်ဆေးရုံအာဏာပိုင် မိုဟာမက်အာဆင်မ်ရဲ့ ကနဦးထုတ်ပြန်ချက်မှာတော့ သေဆုံးသူ (၅၉) ဦးရှိတယ်လို့ ဆိုထားပေမယ့် ဗုံးဖောက်ခွဲခံရပြီးနောက်တစ်ရက်မှာတော့ သေဆုံးသူ (၈၇) ဦးအထိ တိုးလာတယ်လို့ သိရပါတယ်။ 

ဒီဗုံးကွဲမှုဖြစ်စဉ်ဟာ ငွေပေးချေရေးမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံ ကို ရန်ပုံငွေ ပေးအပ်မှုတွေ ပြန်လည်ဖြေလျှော့ဖို့ လုပ်ဆောင်မယ့် တစ်ရက်အလိုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

လူအများအပြားဝင်ရောက်လေ့ရှိတဲ့ ဗလီကျောင်းဝန်းအတွင်းကို အသေခံဗုံးခွဲ ခဲ့တာနဲ့ ပတ်သက် ပြီး ဝန်ကြီးချုပ် ရှဘတ်ဇ် ရှရစ်ဖ် က ကန့်ကွပ်ရှုတ်ချထားပါတယ်။ 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာ လက်ရှိအချိန်ထိ တိတိကျကျ ထုတ်ပြန်ထားတာမရှိသေးသလို ဆူနီစစ်သွေးကြွအဖွဲ့ခွဲ ထီရီခီတာလီဘန် ပါကစ္စတန်နဲ့ စစ်သွေး ကြွအဖွဲ့တွေက သူတို့မှာ တာဝန်မရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.