ကုလကအာဖဂန်အတွက်ကူညီပေးတဲ့ အစီအစဉ်တွေမှာ ဒေသခံအမျိုးသမီးတွေကို ပါဝင်ခွင့်ပေးဖို့ တာလီဘန်တွေကို တောင်းဆို

0
7389

ကဘူးလ်၊ ဖေဖော်ဝါရီ(၁)

ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီမှာ ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ အာဖဂန်တွေကို ကူညီထောက်ပံ့တဲ့ ကုလရဲ့ အစီအစဉ်တွေမှာ အာဖဂန်ဒေသခံအမျိုးသမီးတွေကို  ပါဝင်ခွင့်ပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက ထားမှုဆိုင်ရာ အကြီးအကဲက တာလီဘန်တွေကို တောင်းဆိုလိုက်ပါတယ်။

အာဖဂန်နစ္စတန်ဟာ ကမ္ဘာ့အဆိုးရွားဆုံးအခြေအနေကို တွေ့ကြုံနေရတာကြောင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေလိုအပ်နေပြီး နိုင်ငံလူဦးရေ ၃၈ သန်းရဲ့ ထက်ဝက်ကျော်ဟာ ငတ်မွတ်နေရကာ ကလေး (၄) သန်းနီးပါး အာဟာရချို့တဲ့မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မကြာသေးမီက ပြင်းထန်တဲ့ အအေးလှိုင်းကြောင့် အနည်းဆုံး လူ ၁၆၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အာဖဂန် နစ္စတန်ရဲ့ ဆင်းရဲတဲ့ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ တိရစ္ဆာန် (၈၀၀၀၀) နီးပါးဟာလည်း အအေးဒဏ် ကြောင့် သေဆုံးခဲ့ရပါသေးတယ်။

တာလီဘန်ခေါင်းဆောင်တွေက အာဖဂန်အမျိုးသမီးတွေကို NGO အဖွဲ့အစည်းတွေနဲ့ အလုပ်မလုပ်ဖို့ တားမြစ်ခဲ့ပြီး အကူအညီပေးရေးအေဂျင်စီအများအပြားဟာလည်း သူတို့ရဲ့အရေးကြီးတဲ့အလုပ်တွေကို ရပ်ဆိုင်းထားဖိုး တွန်းအားပေးခံခဲ့ရတာကြောင့် မနှစ်ကတည်းက အကျပ်အတည်းပိုမို ဆိုးဝါးလာခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာတော့ တာလီဘန်အာဏာပိုင်တွေဟာ အမျိုးသမီးတွေကို ကျန်းမာရေး ကဏ္ဍမှာသာ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။ ဒါပေမဲ့ အာဖဂန်နစ္စတန်ဟာ ဆိုးရွားတဲ့ ဆောင်းရာသီကို ဖြတ်သန်း နေရပါတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ကျွန်တော်တို့ ရှင်သန်နိုင်အောင် စီမံနိုင်ခဲ့တယ်။ ဒီတားမြစ်ချက်တွေနဲ့ မဟုတ်ဘဲ အကန့်အသတ်မရှိ ဒါကိုလုပ်နိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး” လို့ သူက ပြောခဲ့တာပါ။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကဏ္ဍအားလုံးကို ခြုံငုံမိစေဖို့ ကင်းလွတ်ခွင့်တွေကို တိုးချဲ့ပေးဖို့ ကုလသမဂ္ဂက အစ္စလာမ္မစ်တွေကို ပန်ကြားခဲ့တယ်လို့ ကဘူးလ်မှာ တာလီဘန်ခေါင်းဆောင်တွေနဲ့ အကြီးတန်း NGO အရာရှိတွေ တွေ့ဆုံစဉ်မှာ သူက ပြောခဲ့ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ အမျိုးသမီးတွေအတွက် အခန်းကဏ္ဍတစ်ခုအဖြစ် တာလီဘန်အာဏာပိုင်တွေက လမ်းညွှန်ချက်တွေကို ရေးဆွဲထားကြောင်း ပြောကြားခဲ့တယ်လို့ သူက ဆိုပါ တယ်။

“ဒီလိုမျိုး အစီအစဉ်တွေ ရှိလာတော့မှာပါ။ သို့သော် ဘယ်အချိန်လဲ ဒါမှမဟုတ် အဲဒီအစီအမံတွေက ဘယ်လိုပုံ စံရှိမှာလဲဆိုတာကတော့ အခြားကိစ္စတစ်ခုဖြစ်တယ်။ ဒီလမ်းညွှန်ချက်တွေ ထွက်လာသလား ကြည့်ရအောင်” လို့ သူက ပြောခဲ့တာပါ။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ အာဏာရလာချိန်မှစပြီး တာလီဘန်အစိုးရဟာ အမျိုးသမီးတွေကို  အလယ်တန်း ပညာရေး၊ ပြည်သူ့လုပ်ငန်းခွင်တွေအပြင် ပန်းခြံတွေ၊ အများသုံး သန့်စင်ခန်းတွေမှာပါ တားမြစ်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအချိန်ကစ နိုင်ငံခြားအကူအညီတွေ သိသိသာသာ ကျဆင်းလာပြီး အဓိက ဗဟိုဘဏ်ရဲ့ ပိုင်ဆိုင်မှုတွေကို အမေရိကန်ကသိမ်းယူခဲ့လို့ အကျပ်အတည်းနဲ့ ရင်ဆိုင်လာခဲ့ရတာလည်း ဖြစ်ပါတယ်။

Ref: The NewARAB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.