August 2022

သံဖြူဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုမှာ PDF ရဲဘော် တစ်ဦး ကျဆုံး

သံဖြူဇရပ် ၊ သြဂုတ် (၁၈) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့လယ်ခေါင်က စစ်ကောင်စီ မြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF ရဲဘော် တစ်ဦး ကျဆုံးသွားတယ်လို့ သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ မြို့မရဲစခန်းကို သြဂုတ် ၁၇ ရက်နေ့ ည ၈ နာရီလောက်မှာ သံဖြူဇရပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော်…

အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာ ရိုဟင်ဂျာဒုက္ခသည်တွေကို အိမ်ခန်းတွေနဲ့ လုံခြုံရေးတွေ ပေးသွားမည်

နယူးဒေလီ ၊ သြဂုတ် (၁၈) အိန္ဒိယနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို တိုက်ခန်းတွေချထားပေးပြီး ရဲတပ်ဖွဲ့ရဲ့ အကာအကွယ်တွေ ပေးသွားမယ်လို့ အစိုးရ၀န်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပြီး မွတ်ဆလင် လူနည်းစုဝင်တွေအပေါ် ရပ်တည်ချက် အပြောင်းအလဲကို အချက်ပြလိုက်ပါတယ်။ “အိန္ဒိယက ခိုလှုံခွင့်တောင်းသူတွေကို အမြဲကြိုဆိုပါတယ်” ဟု အိုးအိမ်နှင့် မြို့ပြရေးရာဝန်ကြီး က နယူးဒေလီရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် ပြဋ္ဌာန်းချက်အသစ်များကို…

သီရိလင်္ကာနိုင်ငံမှာ နိုင်ငံတော်အရေးပေါ်အခြေအနေရုပ်သိမ်းတော့မယ်

ကိုလံဘို – ဩဂုတ်(၁၈) သီရိလင်္ကာနိုင်ငံမှာ အခြေအနေတွေတည်ငြိမ်နေပြီဖြစ်တဲ့အတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု တွေကို ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ သမ္မတရုံးက ဩဂုတ်လ(၁၆) ရက်နေ့က ပြောဆိုထားပါတယ်။ အစားအသောက် လောင်စာဆီနဲ့ ဆေးဝါ ပြတ်လပ်မှုတွေကြောင့် လအတန်ကြာ ဆန္ဒထုတ်ဖော် မှုတွေ ဖြစ်ပွားပြီး သမ္မတဟောင်းက ပြီးခဲ့တဲ့ ဇူလိုင်လ(၁၄) ရက်နေ့မှာ ရာထူးက…

ကုလအထူးကိုယ်စားလှယ် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ နေပြည်တော်ကို ရောက်ရှိ

နေပြည်တော် – ဩဂုတ်(၁၈) မြန်မာနိုင်ငံမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြီးထွားလာနေချိန် ရှားရှားပါး ပါး ခရီးစဉ်တစ်ခုအဖြစ် ကုလသမဂ္ဂ အကြီးတန်းအရာရှိတစ်ဦးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာ ပြီးအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေနဲ့ လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲ့တွေက သွေးထက်သံယိုဖြိုခွဲမှုတွေစတင်ပြီးနောက် မြန်မာနိုင်ငံဟာ ကမောက်ကမတွေ ဖြစ်ခဲ့ရတာပါ။ ဒေါက်တာနိုလင်ဟေဇာ နေပြည်တော်ကို ရောက်ရှိလာပြီး…