စစ်ကောင်စီရဲ့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို NUG အစိုးရ ရာထူးကထုတ်ပယ်
မော်လမြိုင် – ဩဂုတ်(၁၉) စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်နဲ့ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးတွေကို ရာထူးက ထုတ်ပယ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လဝက ဝန်ကြီးဌာနက ဩဂုတ်လ(၁၈) ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုတိယညွှန်ကြားရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးမှူး အဆင့်ထိတာဝန်ထမ်းဆောင်နေတဲ့သူတွေကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက် တာပါ။ ဒါပေမယ့် စစ်ကောင်စီရဲ့…
