August 2022

စစ်ရှောင်အပါအဝင် လူသားချင်းစာနာထောက်ထားမှုအတွက် NUG က ငွေကျပ် သန်း(၂၀၀) ကျော်ကို ဇူလိုင်လအတွက်ထောက်ပံ့

မော်လမြိုင် – ဩဂုတ်(၁၈) အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရ,ယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ်ငွေကျပ်(၂၃၁.၄၉) သိန်းကို ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ထောက်ပံ့ကူညီမှုတွေမှာ နေရက်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေနဲ့ စစ်ဘေးရှောင်တွေ အတွက် (၁၃၀.၂၅)သန်း၊ ကျဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေအတွက် (၂၁.၉၀) သန်း၊ CDM ဝန်ထမ်းတွေအတွက် (၁၅.၁၆) သန်း၊ ထိခိုက်လွယ်ပြည်သူတွေနဲ့ သူတို့ရဲ့…

ဂန့်ဂေါက ကျောင်းဆရာမနှစ်ဦး ဒလန်လုပ်လို့ ရှင်းလင်းခံလိုက်ရ

ဂန့်ဂေါ – ဩဂုတ်(၁၈) မကွေးတိုင်းဂန့်ဂေါမြို့ မင်းရွာက ကျောင်းဆရာမနှစ်ဦးကို ဒလန်လုပ်တဲ့အတွက် ရှင်းလင်းလိုက် တယ်လို့ CDF-KKG Battlion-5 Gangaw Region က ဒီနေ့ ဩဂုတ်လ(၁၈) ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ရှင်းလင်းခံလိုက်ရတဲ့ ကျောင်းဆရာမနှစ်ဦးဟာ မူတလန်းကျောင်းအုပ် ဒေါ်မြင့်မြင့်စန်းနဲ့ ကျူရှင်ဆရာမ ဒေါ်ယမင်းအေးတို့ဖြစ်ပါတယ်။ “စိတ်မကောင်းဘူးဗျ၊ တစ်ဦးက ကျွန်တော်တို့စာသင်ခဲ့ဖူးတဲ့ဆရာမပဲ ဒါပေမယ့် မတတ်နိုင်…

မွန်ပြည်နယ်မှာ အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှု ထပ်မံ ရပ်နားလာ

မော်လမြိုင် ၊ သြဂုတ် (၁၈) မွန်ပြည်နယ်မှာ စက်သုံးဆီ အလွယ်တကူ ဝယ်ယူလို့ မရတာနဲ့ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ပြေးဆွဲမှု ထပ်မံ ရပ်နားလာကြတယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဝေးပြေးယာဉ်လိုင်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ လိုသလောက် ဝယ်ယူလို့ မရတာတွေနဲ့အတူ…

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံမည်

ရန်ကုန် ၊ သြဂုတ် (၁၈) အာဏာသိမ်း စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ထပ်မံ တွေ့ဆုံသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ် ၁၆ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့ နဲ့ အခုလအတွင်း ထပ်မံတွေ့ဆုံနိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ တွေ့ဆုံပြီးပါက…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေ

ကျိုက်ထို ၊ သြဂုတ် (၁၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီက တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်ထိုးဖို့ ပြင်ဆင်နေတယ်လို့ သထုံခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်ထဲက သိမ်ဇရပ်၊ သစ်ဆိပ့်ပင်၊ လက်ပံပင်၊အင်္ဂဘို၊ မဲရုံးလေး၊ မုပ္ပလင်နဲ့ မရမ်းချောင်းကျေးရွာတွေမှာ အရင်ရှိပြီးသာ တပ်အင်အား…

KNU အုပ်ချုပ်နယ်မြေမှာ စစ်ရှောင်ပြည်သူ ၃ သိန်းခွဲကျော်ထိ ရှိလာ

သထုံ ၊ သြဂုတ် (၁၈) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သိန်းခွဲကျော်ထိ ရှိလာပြီး လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ…

အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များကို စစ်ကောင်စီက ဖိတ်ခေါ်”ဆိုတဲ့ သတင်းကို…

အဖမ်းအဆီးနဲ့ အခက်အခဲမျိုးစုံရှိနေတဲ့ကြားက စစ်ကောင်စီကျရှုံးရေး သပိတ်မှောက်

မန္တလေး – ဩဂုတ်(၁၇) ဒီနေ့ ဩဂုတ်လ(၁၇) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး အဖမ်းအဆီးနဲ့ အခက်အခဲမျိုးစုံရှိနေတဲ့ကြားက အကြမ်းဖက်စစ်အာဏာရှင်ကျရှုံးရေးအတွက် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

ကျိုက်ထိုမှာ သံဃာတော်တွေကို ဆိုင်ကယ်စီးခွင့် စစ်ကောင်စီပိတ်ပင်

ကျိုက်ထို – ဩဂုတ်(၁၇) မွန်ပြည်နယ်ကျိုက်ထိုမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေမကြာခဏ သတ်ဖြတ်ခံနေရတာ ကြောင့် သံဃာတော်တွေကို ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ကျိုက်ထိုမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်အသုံးပြုပြီး နိုင်ငံဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူး တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ နဲ့ ဌာနဆိုင်ရာအဆောက်အဦးတွေကို လက်လုပ်မိုင်းတွေနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေလို့ ဆိုင်ကယ်စီးနင်းမှု ထိန်းချုပ်ရေးအတွက် ဒေသန္တရအမိန့်ထုတ်ပြန်ဆောင်ရွက်ထားတယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။ သံဃာတော်တွေအနေနဲ့ မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသွားလာခွင့်ကို…