April 2022

အားကစားသမားတွေကို လူမှုထူးချွန်ပထမအဆင့် ပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် – ဧပြီ(၃၀) အရှေ့တောင်အာရှအာကစားပြိုင်ပွဲမှာ ဆုတံဆိပ်ရတဲ့ အားကစားသမားတွေကို လူမှုထူးချွန် ပထမအဆင့်ဆုပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ ဗီယက်နိုင်ငံမှာ ကျင်းပမယ့် (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအားကစားအဖွဲ့တွေအောင်နိုင်ရေးအလံတင်အခမ်းအနားမှာ သူကပြောခဲ့တာပါ။ “(၇၇)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားမှာ အာရှအားကစားပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ရရှိခဲ့ ကြသူ နိုင်ငံဂုဏ်ဆောင်အားကစားသမား(၁၂)ဦးနှင့် အရှေ့တောင်အာရှအားကစားသမားများ အနက်မှ(၂၄) ဦးကိုလူမှုထူးချွန်ပထမအဆင့် ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ကျန်အားကစား သမားများကိုလည်း…

အထိမနာသ၍ အသံမထွက်တဲ့ စကစ အထိနာပြီဆို ဖြေရှင်းချက်မျိုးစုံပေးတဲ့ စကစ MOGE ကြောင့် အထိနာစ ပြုလာပြီလား? စကစ MOGE နဲ့ ပတ်သက်ပြီး အသံထွက်လာပြီ?

မော်လမြိုင် – ဧပြီ(၃၀) အကြမ်းဖက်စကစဟာ သူတို့ဘက် အထိနာစေမှုမရှိရင် အရာရာကို တဇွတ်ထိုး လုပ်တတ်ပါတယ်။ အထိနာပြီဆိုရင်လည်း အကြောင်းပြချက်မျိုးစုံ ကလိမ်ဉာဏ်ဆင်ပြီး ဇော်မဲလုံးက ဖြေရှင်းချက် ပေးလေ့ရှိတာကို ပြည်သူတိုင်းသိနေကြပြီးလည်းဖြစ်ပါတယ်။ စကစဘက်က စတင်ဖြေရှင်းပြီးဆို သေချာပါတယ်။ သူတို့တွေ အထိနာနေပါပြီ။ စစ်အုပ်စုရဲ့ စစ်ကြောင်းတွေ ထိခိုက်ကျဆုံးများလာပြီဆိုရင် အပစ်ရပ်စဲရေး ကြေညာတော့တာပဲ။ ခုနောက်ဆုံးမှာ တပ်ရင်းလိုက် ပြုတ်တာတွေဖြစ်လာလို့ မအလကိုယ်တိုင်…

တောင်ကိုရီးယားအစိုးရအသစ်သည် အိမ်ပြင်ပ Mask တပ်ဆင်ခြင်းပြဌာန်းချက်ကို ရုပ်သိမ်း

ဆိုးလ် ၊ ဧပြီ (၃၀) နိုင်ငံရဲ့ နောက်ဆုံးအဆင့်ဖြစ်သော ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျှော့ဖို့အတွက် အိမ်ပြင်ပ Mask တပ်ဆင်ခြင်း ပြဌာန်းချက်ကို လာမည့်သီတင်းပတ်မှာ ရုပ်သိမ်းမှာဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ် ကင်မ်ဘူကယွန် က နိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေ တည်ငြိမ်နေချိန်မှာ အစိုးရက ၎င်းရဲ့ နိုင်ငံသားများ ကြုံတွေ့နေရသော အဆင်မပြေမှုများကို…

UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ဟာ EAOs နဲ့ ပြည်သူတွေကို ဆွဲဆောင်နိုင်စွမ်း မရှိဘူးလို့ ဝေဖန်

နေပြည်တော် ၊ ဧပြီ (၃၀) ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကို ဆွဲဆောင်နိုင်စွမ်း မရှိဘူးလို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဝေဖန်လိုက်ပါတယ်။ အပစ်ရပ် NCA စာချုပ်အရ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့…

မြန်မာနိုင်ငံမှာ ထိုင်းအမျိုးသမီးအယောက်သုံးရာလောက် ပြည့်တန်ဆာလုပ်ဖို့ အဓမ္မစေခိုင်းခံနေရ

ဘန်ကောက် – ဧပြီ(၃၀) ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်အနီးက ကာစီနိုတစ်ခုမှာ ထိုင်းအမျိုးသမီး(၃၀၀)လောက်ကို ပြည့်တန်ဆာ အဖြစ်အတင်းအကြပ်ခိုင်းစေခံနေရတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့အသက်(၂၅) နှစ်အရွယ် အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ အမည်မဖော်လိုသူအမျိုးသမီးက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတိုင်ကြားဖို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရုံးကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက လိင်ဝန်ဆောင်မှုတွေနဲ့မသက်ဆိုင်ကြောင်း အခိုင်အမာပြောဆိုခဲ့တဲ့ Net Idol အမည်ရှိ အွန်လိုင်းက တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုပြုလုပ်ပြီး အိမ်နီးချင်းနိုင်ငံနယ်စပ်ဒေသမှာ ဆက်ဆံရေးနဲ့…

အာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်လာ

ရန်ကုန် ၊ ဧပြီ (၃၀) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြင့်တက်လာတယ်လို့ အင်းလျားဘောဂဗေဒအဖွဲ့ က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အင်းလျားဘောဂဗေဒအဖွဲ့ ဟာ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးရပ်ဝန်းအပေါ် ကိုဗစ်နဲ့ အာဏာသိမ်းမှုရဲ့ ထပ်ဆင့်သက်ရောက်မှု အစီရင်ခံစာကို ဧပြီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့…

တောင်အာရှကစားသမားတွေပရီးမီးယားလိဂ်မှာ ကစားခွင့်ရဖို့ ဆောင်ရွက်မယ်။

လန်ဒန် – ဧပြီ(၂၉) အင်္ဂလန်ပရီးမီးယားလိဂ်ဟာ တောင်အာရှနိုင်ငံတွေက လူငယ်ဘောလုံးသမားတွေကို ပရော်ဖက် ရှင်နယ်ဘောလုံးသမားတွေအဖြစ်တိုးတက်အောင်ကူညီနိုင်မယ့် နည်းလမ်းတွေကို စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆင့်အတန်းခွဲခြားမှုဆန့်ကျင်ရေးအဖွဲ့ Kick it Out နဲ့ပူးပေါင်းပြီး အဲ့ဒီအစီအစဉ်ကို လူမည်း၊ အာဆီယံနဲ့တခြားသော တိုင်းရင်းသားအစုအဖွဲ့တွေအတွက် ကစားပုံ၊နည်းပြပုံနဲ့ စီမံရေးဆိုင်ရာ လမ်းကြောင်းတွေမြင့်တက်စေဖို့ကူညီနိုင်ဖို့ ဦးတည်တဲ့ လူမျိုးအစွန်းရောက်မှုတွေအတွက် နေရာ မရှိဆိုတဲ့ အစီအစဉ်(NO Room…

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ စနစ်ဟာ စစ်တပ်ကပဲ ကြီးစိုးသွားမယ်လို့ နိုင်ငံရေးသမားတွေ ဝေဖန်

နေပြည်တော် ၊ ဧပြီ (၂၉) လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မြန်မာနိုင်ငံနဲ့သင့်လျော်တဲ့ အချိုးကျကိုယ်စားပြုစနစ် PR ဖြစ်တဲ့ (စာရင်းပိတ်) Close List PR စနစ် ကျင့်သုံးဖို့ ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြောဆိုခဲ့ပါတယ်။ ဧပြီလ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက်…

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာကြောင့် လုပ်ငန်းတွေ ပြိုလဲမှာကို စိုးရိမ်နေ

ရန်ကုန် ၊ ဧပြီ (၂၉) အာဏာသိမ်း စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ပစ်မှတ်ထား ဖမ်းဆီးအရေး ယူလာတာကြောင့် စီးပွားရေး လုပ်ငန်းရှင် အများစု စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်၊ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မတ်လနဲ့ အခုဧပြီလအတွင်း စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်တဲ့ ဇေကမ္ဘာ ဦးခင်ရွှေနဲ့ သားဖြစ်သူ ဦးဇေသီဟ ၊ ဧဒင် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဧဒင်ဦးချစ်ခိုင်နဲ့…