ဘန်ကောက် – မတ်(၂၉)
အာဖကန်နစ္စတန်က လေကြောင်းလိုင်းတွေမှာ မိန်းကလေးတွေ ဆွေမျိုးသားချင်း အမျိုးသားတစ် ယောက်မပါရင် လေယာဉ်ပေါ်ကိုတင်ဆောင်ခွင့် မပြုဖို့ တာလီဘန်တွေ ထုတ်ပြန်လိုက်တယ် လို့ AFP သတင်းဌာနမှာဖော်ပြထားပါတယ်။
တာလီဘန်တွေဟာ ဩဂုတ်လအာဏာသိမ်းချိန်ကတည်းက မိန်းကလေးတွေရဲ့ အထပ်တန်းကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ရုပ်သိမ်းလိုက်တဲ့ လုပ်ဆောင်ချက်နောက်ဆက်တွဲမှာ မိန်းကလေးတွေကို အပေါ်ကို ထပ်ပြီးကန့်သတ်လိုက်တာဖြစ်ပါတယ်။
အေရီယာနာအာဖကန် လေကြောင်းလိုင်းနဲ့ကင်မ်အဲ ကအရာရှိနှစ်ယောက်ရဲ့ပြောဆိုချက်တွေအရာ တာလီဘန်တွေဟာ မိန်းကလေးတွေ တစ်ယောက်တည်းခရီးသွားရင်လေယာဉ်ပေါ်တင်ခွင့်ကို ရပ်နားထားဖို့ အမိန့်ပေးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်ဟာ တာလီဘန်ကိုယ်စားလှယ်တွေ၊လေဆိပ်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေနဲ့ လေကြောင်းလိုင်းနှစ်ခုက တာဝန်ရှိသူတွေ ကြာသပတေးနေ့အစည်းအဝေးပြီးမှာ ချမှတ်ခဲ့တာဖြစ်ပြီး အရာရှိတွေကတော့ သူတို့နာမည်ကိုထုတ်ဖော်တာတွေမလုပ်ဖို့ AFP သတင်းဌာနကို တောင်းဆိုထားပါတယ်။
“အမျိုးသမီးတွေကို ဆက်နွယ်ရာအမျိုးသားတစ်ယောက်မပါဝင်ပဲ ပြည်တွင်း သို့မဟုတ် ပြည်ပ လေယာဥ်တွေပေါ် လိုက်ပါပျံသန်းခွင့် မပြု”လို့ဆိုတဲ့ စာတစ်ဆောင်ကို AFP သတင်းဌာနက ရရှိထားတယ် လို့လည်းဖော်ပြထားပါတယ်။
မိန်းကလေးတစ်ယောက်တည်း ခရီးသည်တွေအတွက်လက်မှတ်ရောင်းချမှုကို ရပ်တန့်ထားရမယ်ဆိုတဲ့ တခြး သတင်းရင်းမြစ်တခုရဲ့ပြောဆိုချက်တွေအရ ပြီးခဲ့တဲ့ သောကြာနေ့ကအမေရိကန်ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ အာဖကန်အမျိုးသမီးတစ်ယောက် ဒူဘိုင်းနိုင်ငံကိုလေယာဥ်နဲ့လိုက်ပါခွင့် ကိုဟန့်တားခဲ့ တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
တာလီဘန်ဝန်ကြီးဌာနတစ်ခုကတော့ မိန်းကလေးတွေကို တစ်ယောက်တည်းလေကြောင်းခရီး သွားလာခွင့်ကို ပိတ်ပင်ထားတဲ့ ညွှန်ကြားချက် ထုတ်ပြန်ထားတာမရှိဘူးလို့ ပြောခဲ့ပါတယ်။
၁၉၉၆ မှ ၂၀၀၁ ခုနှစ်အတွင်း တာလီဘန်တွေ ပထမဆုံးအာဏာရချိန်မှာ ကြမ်းတမ်းသော အစ္စလာမ် အုပ်ချုပ်ရေးအစား ပိုမိုပျော့ပျောင်းသော (အုပ်ချုပ်မှု) ပုံစံတစ်ရပ်ကို ကတိပြုထားခဲ့ပေမယ့် အာဖကန်အမျိုးသမီးတွေ မူလရရှိထားတဲ့ အခွင့်အလမ်းတွေကို ပြန်လည်ရုတ်သိမ်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း စာသင်ခန်းတွေထဲကို ပြန်လာတဲ့ ကျောင်းသူတွေကို နာရီအနည်းငယ်အကြာမှာ အာဏာပိုင်တွေက စာသင်တာတွေကို ရပ်နားပြီးအိမ်ပြန်ဖို့ အမိန့်ထုတ်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ဝေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။
Ref: AFP