ဘာလီ၊ ဖေဖော်ဝါရီ ၁
သုံးလကျော်ကြာ ရွေးချယ်ကန့်သတ်ထားသည့် နိုင်ငံခြားသားများကိုသော ဝင်ရောက်ခွင့်ပေးသော အင်ဒိုနီးရှားနိုင်ငံ၏ အားလပ်ရက်အပန်းဖြေ ကျွန်းတစ်ခုဖြစ်သည့် ဘာလီကျွန်းကို ယခုသီတင်းပတ် နောက်ပိုင်းတွင် နိုင်ငံအားလုံးမှ လာရောက်ကြမည့် ခရီးသွားဧည့်သည်များအတွက် ပြန်လည်ကြိုဆို လက်ခံသွားမည်ဟု အာဏာပိုင်များမှ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အောက်တိုဘာလ အလယ်ပိုင်းမှ စတင်၍ တရုတ်၊ နယူးဇီလန်နှင့် ဂျပန် စသည့်နိုင်ငံများမှ ဧည့်သည်များ ကို တရားဝင်ဖွင့်လှစ်ပေးခဲ့သော် ထိုအချိန်ကတည်းက တိုက်ရိုက်ပျံသန်းပြေးဆွဲသော လေကြောင်းခရီး စဥ်များမရှိခဲ့ဟု ခရီးသွားလုပ်ငန်းဝန်ကြီး ဆန်ဒီယာဂါ အူနိုက ပြောကြားခဲ့သည်။
အိုမီခရွန်မျိုးကွဲနှင့် ကာကွယ်ဆေးတို့၏ မရေရာမှုကြောင့် ဒီဇင်ဘာလတွင် ဆိုင်းငံ့ထားသော ၎င်းအစီ အစဥ်ကို ထိုင်းနိုင်ငံမှ အလားတူကြေငြာချက်များကို ထုတ်ပြန်ပြီး နောက်ဆက်တွဲတွင် အင်ဒိုအစိုးရ သည်လည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုဆုံးဖြတ်ချက်သည် ယမန်နှစ်၏ ဒုတိယပိုင်း အချိန်ကာလအတွင်း ကူးစက်မှုများကို ထိန်းချုပ်နိုင်ခဲ့ သော်လည်း ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းမှာ ပုံမှန်အတိုင်းမြင့်တက် လာနေ့သည့်အကြား ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကိုဗစ်မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်း ဘာလီကျွန်းသည် နိုင်ငံခြားသားခရီးသွားဧည့်သည်ပေါင်း ၆.၂ မီလီယမ်အထိ ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းပမာဏသည် နိုင်ငံ့စီးပွားရေး၏ ၅၄ ရာခိုင်နှုန်းရှိကာ ပြင်းထန်လာ သော ကပ်ဘေးအခြေအနေကြောင့် နယ်စပ်ကန့်ချက်များကို ထုတ်ပြန်ခဲ့ရသည်။
စင်ကာပူလေကြောင်းလိုင်း၏ သောကြာနေ့ပြောကြားချက်အရ စင်ကာပူမှ ဘာလီသို့ လေကြောင်းခရီး စဥ်များကို ဖေဖေါ်ဝါရီ ၁၆ ရက်နေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်ဟု ပါရှိသည်။
အဆင့်မြင့်ဝန်ကြီး လူဟွတ် ပတ်ဂျာတီယန် က ဖေဖော်ဝါရီ ၄ ရက်နေ့မှစတင် ကာကွယ်ဆေးထိုးနှံ့ပြီး သော နိုင်ငံတကာခရီးသွားဧည့်သည်များသည် ကွာရန်တင်း ၅ ရက်မှ ၇ရက်အထိ နေထိုင်ရန် လိုအပ် သည်ဟု ပြောကြားခဲ့သည်။
လွန်ခဲ့သော သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံသည် စင်ကာပူနိုင်ငံနှင့်နီးစပ်သည့် ၎င်းအပိုင် ကျွန်းနှစ် ကျွန်းကို စင်ကာပူမှ ဧည့်သည်များ လာရောက်နိုင်ရန် ဖွင့်လှစ်ပေးခဲ့သည်။
ဘာလီအစိုးရ၊ ခရီးသွားလုပ်ငန်းဦးစီးရုံး၏ အရာရှိ အီဒါ အာယူ အင်ဒက် ယူစတီကာရီနီက ဘာလီ အနေဖြင့် မြို့တော် ဂျာကာတာမှတဆင့် လာရောက်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များကို လွန်ခဲ့သော လအနည်းငယ်အတွင်းမှ စတင်၍ လက်ခံခဲ့သည်ဟုပြောကြားခဲ့ပြီး ဝင်ရောက်လာသော အရေအတွက်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိခဲ့ပါ။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times

