Radio Than Lwin Times(Episode 5/1)
Sound Cloud Link
Sound Cloud Link
Sound Cloud Link
မော်လမြိုင် ၊ ဇန်နဝါရီ (၆) လေးကေကော်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြန်မာပြည်ဘက်ခြမ်းက စစ်ဘေးရှောင်တွေကို လိုအပ်တဲ့ အကူအညီတွေ အချိန်နဲ့တပြေးညီ ပေးနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ခွင့်ပေးဖို့ ထိုင်းအာဏာပိုင်တွေထံ စစ်ရှောင်အရေးကူညီနေသူတွေက တောင်းဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လေးကေကော်နဲ့ အနီးနား တစ်ဝိုက်မှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်ခန့်က ဒေသခံတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။ ဒီကနေ့အချိန်ထိတော့…
မော်လမြိုင် ၊ ဇန်နဝါရီ (၆) ဘဝရပ်တည်ရေးအတွက် ခက်ခဲနေတဲ့ကြားမှ စစ်အာဏာရှင်ကျဆုံးရေးအတွက် ပြည်သူတွေနဲ့အတူ အဆုံးထိ တွန်းလှန်သွားမယ်လို့ မွန်ပြည်နယ်မှ CDM ဝန်ထမ်းတွေက ခိုင်ခိုင်မာမာ ပြောဆိုလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုကို ရပ်တန့်ဖို့ အဓိကဒေါက်တိုင်ဖြစ်တဲ့ ငြိမ်းချမ်းစွာ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ မွန်ပြည်နယ်က အစိုးရဝန်ထမ်း ထောင်နဲ့ချီ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းအများစုကို…
ဝါရှင်တန်၊ ဇန်နဝါရီ ၃ အမေရိကန်ပြည်ထောင်စုအတွင်း အိုမီခရွန်မျိုးဗီဇပိုး ကူးစက်မှုများ မြင့်တက်လာခြင်းနှင့်အတူ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးလည်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသည်ဟု တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည်။ အော်စတင်၏ ရောဂါလက္ခဏာများသည် ပြင်းထန်ခြင်းမရှိဘဲ နောက်ထပ် ၅ ရက်အထိ နေအိမ်၌ပင် ကွာရန်တင်းနေထိုင်ရမည်ဖြစ်ကြောင်း ပင်တဂွန်အကြီးအကဲ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ Austin ပြောကြားချက်အရ သူသည်…