March 2021

ရုံးပြန်တက်တဲ့ CDM ဝန်ထမ်းတွေကို ဌာနဆိုင်ရာအကြီးအကဲတွေက အရေးယူ

မော်လမြိုင် ၊ မတ် (၂၃) CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတချို့ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကြောင့် ရုံးပြန်တက်ပေမယ့် ဌာနဆိုင်ရာ အကြီးအကဲတွေက စွဲချက်တင်ပြီး အရေးယူမှုတွေ ပြုလုပ်နေတယ်လို့ ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွန်ပြည်နယ်က ဌာနဆိုင်ရာဝန်ထမ်းအများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေကြတာပါ။…

CDM ဝန်ထမ်းတွေကို ဖိအားပေး ခြိမ်းခြောက်တဲ့အပေါ် မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂကန့်ကွက်

မော်လမြိုင် ၊ မတ် (၂၂) CDM မှာ ပါဝင်နေတဲ့ ဆရာ ဆရာမတွေ ကို ဖိအားပေး ခြိမ်းခြောက်ပြီး ရုံးပြန်တက်ဖို့ ညွှန်ကြားနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂက မနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ မော်လမြိုင်တက္ကသိုလ် မေဂျာအသီးသီးက ဆရာ ဆရာမ အများစုဟာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။…

မနေ့ညက ပေါင်မှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ ၊ တစ်ဦး ပွဲချင်းပြီး သေဆုံး

ပေါင် ၊ မတ် (၂၀) ပေါင်မြို့နယ်မှာ မတ်လ(၁၉)ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ပေါင်မြို့မှာ မနေ့ညပိုင်း (၁၁)နာရီခန့်က အမျိုးသားသုံးဦး ဆိုင်ကယ်နှင့် အပြင်ထွက်သွားလာရာမှာ ပေါင်မြို့မရဲစခန်းအနီး လုံခြုံရေးယူနေတဲ့ အကြမ်းဖက် စစ်အုပ်စုက သေနတ်နှင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပစ်ခတ်လို့ တစ်ဦးကတော့ နေရာမှာတင်…

အာဏာသိမ်းပြီးနောက် မတ်ပဲစျေးဆက်တိုက်ကျလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ မတ် (၂၀) စစ်တပ်အာဏာသိမ်းပြီး(၄၈)ရက်အကြာ မွန်ပြည်နယ် စျေးကွက်မှာ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းနေလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်နေပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကနေ ယခုချိန်ထိ မတ်ပဲစျေးတွေ ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး တစ်ရက်ထက် တစ်ရက် ကျပ် ၅၀၀၀ ၊ ၁၀၀၀၀ နှုန်းစီ ဆက်တိုက် စျေးနှုန်းကျဆင်းလာတာလို့ ဆိုပါတယ်။ စျေးနှုန်းကျဆင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဘဏ်လုပ်ငန်းတွေ…

ဒေါ်မာမာခိုင်နှင့်အမျိုးသားကို မတ်လ (၂၅)ရက်နေ့ ရုံးထုတ်စစ်ဆေးမည်

မော်လမြိုင် ၊ မတ် (၁၈) အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးထားတဲ့ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့ အမျိုးသားကို မတ်လ (၂၅)ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒေါ်မာမာခိုင်နှင့် ၎င်းရဲ့အမျိုးသားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ထိန်းသိမ်းပြီးနောက် ဒေါ်မာမာခိုင်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ…

ရွှေနတ်တောင်ဆည် ရေခမ်းတော့မည်

မော်လမြိုင် ၊ မတ် (၁၈) မော်လမြိုင်မြို့ရဲ့ ရပ်ကွက်အချို့ကို အဓိက ဖြန့်ဝေပေးနေတဲ့ ရွှေနတ်တောင်ဆည်ဟာ ရေစတင်ခမ်းခြောက်နေပြီးလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီဥတု ပူပြင်းလာတာနှင့်အတူ ရေခမ်းခြောက်လာတာကြောင့် ရေလှောင်ကန်ထဲကို ရေမဝင်တော့လို့ ပိုက်နှင့်စုပ်ပြီး ရေတင်နေရတယ်လို့ စည်ပင်က ဆိုပါတယ်။ “Intake level ရဲ့ အောက်ကို ရောက်သွားပြီဆိုတော့ intake ထဲကို ရေမဝင်တော့ဘူး…

စစ်ကောင်စီကို ဆန့်ကျင်လို့ သထုံမှာ တရားစွဲဆိုခံထားရသူ အနည်းဆုံး (၁၆)ဦး ရှိ

သထုံ ၊ မတ် (၁၇) အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်လို့ သထုံမြို့နယ်အတွင်းမှာ တရားစွဲဆိုခံထားရသူ (၁၆) ဦးထက်မနည်း ရှိတယ်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။ အဲ့ဒီအထဲမှာ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ (၅၀၅) က နှင့် တရားစွဲဆို ခံထားရသူတွေ ပါဝင်သလို နိုင်ငံတော်က ထုတ်ပြန်တဲ့ အမိန့်ညွှန်ကြားချက်တွေကို မလိုက်နာလို့…

ည(၈)နာရီနောက်ပိုင်း အရေးပေါ်လူနာဆေးရုံပို့တဲ့ စေတနာ့ဝန်ထမ်း(၂)ဦးအား ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ပေး

မော်လမြိုင် ၊ မတ် (၁၇) ည(၈)နာရီနောက်ပိုင်းမှာ အရေးပေါ်လူနာကို ဆေးရုံပို့ဆောင်ပေးခဲ့လို့ ကျိုက္ခမီမြို့က ပရဟိတ စေတနာ့ဝန်ထမ်း(၂)ဦးကို စစ်အုပ်စုက တရားစွဲပြီး ထောင်ဒဏ်(၁)လ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ မတ်လ (၁၀)ရက်နေ့ ညပိုင်းမှာ ကျိုက္ခမီမြို့က ဟိတကာရီအသင်း စေတနာဝန်ထမ်း နှစ်ဦးဖြစ်သည့် ကိုအောင်နိုင်စိုး နှင့် ကိုအောင်လင်းထက်တို့ဟာ ပိုးထိလူနာ(၁)ဦးကို မော်လမြိုင် ကုတင် ၃၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြတာပါ။…

နစကမှာ ဆက်လက်ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် အများစု သဘောတူ

မော်လမြိုင် ၊ မတ် (၁၆) အာဏာသိမ်း စစ်တပ်က ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ ဆက်လက်ပါဝင်ဖို့ မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် အများစုက သဘောတူခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့ သံဖြူဇရပ်မြို့မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီအရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာပါ။ ဒီအစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ဗဟိုကော်မတီဝင် (၉၀) ဦးအနက် ၄ ဦးက ပျက်ကွက်ခဲ့ပြီး နစကမှာ…

တပ်က ဖိအားပေးခြိမ်းခြောက်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ CDM မှာ ဆက်လက်ပါဝင်

မော်လမြိုင် ၊ မတ် (၁၆) စစ်တပ်ရဲ့ ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိပေမယ့် သထုံခရိုင်က ကျန်းမာရေးဝန်ထမ်းတွေဟာ CDM မှာ ဆက်လက်ပါဝင်တဲ့အနေနှင့် ဝန်ထမ်းအိမ်ယာကနေ ဒီကနေ့မှာ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။ သထုံခရိုင် ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းအများစုဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ လုပ်ငန်းတာဝန်မထမ်းဆောင်သည့် အာဏာဖီဆန်တဲ့ လှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ကြတာပါ။ မတ်လ (၁၅)ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တပ်တာဝန်ရှိသူတွေနှင့်ရဲတွေက…