February 26, 2021

ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ မွန်လွှတ်တော် ကိုယ်စားပြုကော်မတီ ဖွဲ့စည်း

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၆) ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်အများစု ပါဝင်တဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီကို ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေဟာ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို အွန်လိုင်းကနေ ခေါ်ယူခဲ့ပြီး မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကော်မတီဟာ…

မွန်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထွေအုပ်က တရားလိုလုပ်ပြီး မော်လမြိုင် မြို့မရဲစခန်းမှာ ဒီကနေ့ ညနေပိုင်းက အမှုဖွင့်ထားပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် မွန်ပြည်နယ် ပြည်နယ်သားများအတွက် မေတ္တာရပ်ခံ တိုက်တွန်းတယ်ဆိုပြီး (၁)မိနစ်ကျော်ကြာတဲ့ ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။…

အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မွန်ဝန်ကြီးတွေ နေအိမ်ပြန်ခွင့်ရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအိမ်ရာဝင်းမှာ အကျယ်ချုပ် ထိန်းသိမ်းခံထားရတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဒီကနေ့ နေ့လည်ပိုင်းမှာ တပ်က နေအိမ် ပြန်ခွင့်ပြုခဲ့ပါတယ်။ ဝန်ကြီးတွေကို (၁၀)ရက်ကျော်အကြာ အကျယ်ချုပ်နဲ့ တပ်ကထိန်းသိမ်းပြီးနောက်မှာ အခုလို ပြန်လွှတ်ပေးခဲ့တာပါ။ အခုလို နေအိမ်ပြန်ခွင့်ရပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ လှုံ့ဆော်မှုတွေ မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး…

ဘီးလင်းမြို့နယ် NLD အမတ် ၂ဦး နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံရ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ ဘီးလင်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် အမတ် ၂ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်ထားပါတယ်။ ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရီရတနာ နဲ့ ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းတို့ကို အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အလိုမရှိဆန္ဒထုတ်ဖော်ပွဲများတွင် ပြည်သူတွေနဲ့အတူ ဦးဆောင်ကာ ပါဝင်ခဲ့တဲ့အတွက် ပုဒ်မ…

ဘီးလင်းမှလွဲပြီး ကျန်မြို့နယ်တွေမှာ မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆ (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဘီးလင်းမြို့နယ်မှလွဲပြီး ကျန်မြို့နယ်တွေမှာ မြို့နယ်အဆင့် အခမ်းအနားတွေကို ကျင်းပသွားမယ်လို့ ကျင်းပရေး ကော်မတီတွေက ပြောပါတယ်။ ဖေဖော်ဝါရီလ (၂၇)ရက်နေ့မှာ ကျရောက်မယ့် မွန်အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်ရေးအတွက် တစ်မြို့နယ်ကို ကျပ်(၁၀)သိန်းစီ ခွဲဝေပေးထားတယ်လို့ (၇၄)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဌ နိုင်မွန်ရာဇာက ပြောပါတယ်။ ”…