မော်လမြိုင် ၊ ဖေဖော်ဝါရီ (၂၃)

စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေစဉ် လစာတွေ လျော့ပါးပျောက်ဆုံးရင် ဆေးရုံအုပ်ကြီး တာဝန်ခံရမယ်လို့ မော်လမြိုင်က လက်ထောက် ဆရာဝန်တွေက သတိပေး ကြေညာလိုက်ပါတယ်။

မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ​မော်လမြိုင်အမျိုးသမီးနဲ့ကလေး ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေဟာ စစ်အစိုးရလက်အောက် အလုပ်မလုပ်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာ ဖြစ်ပါတယ်။

ဆေးရုံမလာဘဲ CDM မှာ ပါဝင်တာဟာ စစ်အစိုးရကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေတာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ထောက်ဆရာဝန်တွေရဲ့ လုပ်ခလစာတွေကို လက်ရှိအချိန်မှာ ထုတ်ယူမှာ မဟုတ်ဘဲ တရားဝင်အစိုးရတက်လာမှသာ ထုတ်ယူသွားမယ်လို့ ဆိုပါတယ်။

ဒီကြားကာလမှာ ခံစားခွင့်ရှိတဲ့ လုပ်ခလစားတွေ လျော့ပါးပျောက်ဆုံးရင် ဆေးရုံအုပ်ကြီးက တာဝန်ခံရမယ်လို့လည်း ကြေညာချက်မှာ သတိပေး တောင်းဆိုထားပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မော်လမြိုင်အထွေထွေကုရောဂါကု ဆေးရုံအုပ်ကြီးကို ဖုန်းနှင့်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံ ဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။

မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ​မော်လမြိုင်အမျိုးသမီးနဲ့ကလေး ဆေးရုံကြီးက လက်ထောက်ဆရာဝန်တွေ CDM မှာ ပါဝင်ခဲ့လို့ ဆေးရုံလုပ်ငန်းတချို့ကိုလည်း ရပ်နားထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.