မော်လမြိုင် ၊ အောက်တိုဘာ (၁၆)

ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက်မှာ မော်လမြိုင်ခရိုင်အတွင်း ပြင်ဆင်ဖြည့်စွက်သူ ( ၂) သောင်းနီးပါးရှိတယ်လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။

ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကို အောက်တိုဘာလ ၁ ရက်နေ့က ၁၄ ရက်အထိ ကပ်ထားကြေညာခဲ့တာဖြစ်ပါတယ်။

အဲလိုကပ်ထားကြေညာထားတဲ့အခါမှာ သက်ဆိုင်ရာရပ်/ကျေးကော်မရှင်ရုံးမှာ ကြည့်ရှုနိုင်သလို ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လူမှုကွန်ယက်ဖေ့စဘုတ်စာမျက်နှာနဲ့ အပလီကေးရှင်း တွေမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။

ဒုတိယအကြိမ်မဲစာရင်းကိုတော့ မော်လမြိုင်ခရိုင်အတွင်း လာရောက်ကြည့်ရှုသူ (၉၄၀၀၀) ကျော်ရှိပြီး ပြင်ဆင်ဖြည့်စွက်သူကတော့ (၂၀၀၀၀) သောင်းနီးပါး ရှိတယ်လို့ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးထင်ကျော်က ပြောပါတယ်။

 “ပုံစံ (၃)နဲ့ ခရိုင်ချုပ်နဲ့ဆိုရင် (၁၄၅၀၀)ကျော်ရှိပြီး၊ ပြီးတော့ ပုံစံ(၄)နဲ့ကန့်ကွက်တာက ၁၆၀၀ ကျော်ရှိပါတယ်။ ပြီးလို့ရှိရင် ပုံစံ ၄(ဂ)နဲ့ ပြင်ဆင်ဖြည့်စွက်တာက ၃၂၀၀ ကျော်ရှိပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ဒုတိယအကြိမ်မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၈)သိန်းဝန်းကျင်ရှိပြီး ယခုမှ စတင်မဲပေးမယ့် လူငယ်(၁)သိန်းကျော် ပါဝင်ပါတယ်။

လက်ရှိမှာတော့  ကြိုတင်မဲပေးနိုင်ဖို့အတွက် အသက်(၆၀)အထက် မဲဆန္ဒရှင်တွေကို ကော်မရှင်က စာရင်းကောက်ယူနေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.