October 2020

ရွေးကောက်ပွဲနေ့မှာ မဲလာပေးသူတွေကို ကျန်းမာရေးပစ္စည်း အပြည့်အဝ ထောက်ပံ့မည်

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲလာပေးသူတွေကို ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို အပြည့်အဝထောက်ပံ့မယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ရွေးကောက်ပွဲနေ့အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကိုဗစ်ကာကွယ်ရေးဆိုရင် ဗဟိုကော်မတီမှလည်း ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ UEC က ပေးပို့လာတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းတွေကို မြို့နယ်တွေကို ဖြန့်ဝေထားပြီး မြို့နယ်ကနေတဆင့် ရပ်ကျေးကော်မရှင်တွေကို…

ကြိုတင်မဲပေးရာမှာ ဥပဒေကို ကျော်လွန်ပြီး လုပ်နေတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြော

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) အသက်(၆၀)နှင့်အထက် ကြိုတင်မဲပေးတာတွေမှာ မဲရုံကော်မရှင်အဖွဲ့ဝင်တွေက ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်တာတွေကို တွေ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးတာတွေကို အောက်တိုဘာလ(၂၉)ရက်နေ့တည်းက စတင် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ဒီလို ကြိုတင်မဲရာမှာ မဲပေးရမယ့် ပါတီကို မဲရုံအဖွဲ့ဝင်တွေက ပြောဆိုတာတွေနဲ့ အသိအမှတ်ပြု ကတ်ပြားချိတ်ဆွဲထားတာတွေမရှိဘဲ မဲရုံအတွင်း ဝင်ထွက်သွားလာတာတွေ…

ရွေးကောက်ပွဲစောင့်ကြည့်သူ နည်းပါးတာကြောင့် တရားမမျှတမှု ဖြစ်မှာကို စိုးရိမ်နေ

မော်လမြိုင် ၊ အောက်တိုဘာ (၃၀) မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ နည်းပါးတာကြောင့် တရားမမျှတမှု ဖြစ်မှာကို စိုးရိမ်နေ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ နည်းပါးတာကြောင့် တရားမမျှတမှုတွေ ဖြစ်မှာကို စောင့်ကြည့်သူတွေက စိုးရိမ်နေကြပါတယ်။ မွန်ပြည်နယ်အတွင်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်နယ်အဆင့် ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ မြို့နယ်အဆင့်စောင့်ကြည့်တဲ့အဖွဲ့သာ လျှောက်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာဆိုရင် မွန်ပြည်နယ်မှာ…

ကြိုတင်မဲပေးတဲ့လုပ်ငန်းတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်တွေ့

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) ကြိုတင်မဲလာပေးသူတွေများတဲ့အတွက် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)အထက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်မဲကို အောက်တိုဘာလ (၂၉)ရက်နေ့ကနေ နိုဝင်ဘာလ(၅)ရက်နေ့အထိ ပေးရမှာ ဖြစ်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ကြိုတင်မဲလာပေးသူ ရာနဲ့ချီ ရှိခဲ့ပြီး တစ်ဦးနဲ့တစ်ဦး (၆)ပေအခြား မနေနိုင်တဲ့အပြင် နေပူထဲမှာ တန်းစီးစောင့်ရတာမျိုးတွေ…

ရပ်ကျေးကော်မရှင်ရုံးတွေမှာ အသက်(၆၀)နှင့်အထက် ကြိုတင်မဲလာပေးသူ များပြား

မော်လမြိုင် ၊ အောက်တိုဘာ (၂၉) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲစတင်ပေးလို့ရတဲ့ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ဆန္ဒမဲလာပေးသူ အမြောက်အများ ရှိခဲ့ပါတယ်။ မွန်ပြည်နယ်တစ်ဝှမ်းမှာတော့ အသက် ၆၀နှင့်အထက် ကြိုတင်မဲပေးရမယ့် မဲဆန္ဒရှင် (၄)သိန်းကျော် ရှိပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက မဲဆန္ဒရှင်တွေဆိုရင် နေအိမ်မှာပဲ ကြိုတင်မဲပေးရမှာဖြစ်ပြီး ကျန်မြို့နယ်က…

ပထမအကြိမ် မဲပေးမည့် လူငယ်တွေ စနစ်တကျ မဲပေးတတ်အောင် သင်တန်းပေး

မော်လမြိုင် ၊ အောက်တိုဘာ (၂၈) ပထမအကြိမ် မဲပေးမယ့်လူငယ်တွေကို စနစ်တကျ မဲပေးတတ်အောင် မွန်လူငယ်အဖွဲ့က ဦးဆောင်ပြီးတော့ ရေးမြို့နယ်မှာ သင်တန်းတွေ ပို့ချပေးနေပါတယ်။ ရေးမြို့နယ်မှာတော့ မဲပေးပိုင်ခွင့်ရှိသူ (၂)သိန်းကျော်ရှိပြီး အခုမှ စတင်မဲပေးမယ့် လူငယ် (၃)သောင်းကျော် ပါဝင်ပါတယ်။ ပထမအကြိမ် မဲပေးမယ့် လူငယ်တွေကို ပယ်မဲ မဖြစ်အောင် စနစ်တကျ မဲပေးနည်းတွေ ၊ ရွေးကောက်ပွဲဆိုင်ရာ…

မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေအပြင် ကျန်းမာရေးဆိုင်ရာ သင်တန်းပါ ပေးမည်

မော်လမြိုင် ၊ အောက်တိုဘာ (၂၈) ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံမှူးတွေကို ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေအပြင် ကျန်းမာရေးဆိုင်ရာ သင်တန်းတွေကိုပါ ပို့ချသွားမယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ၂၀၂၀ အထွေထွေရွေးကော်ပွဲအတွက် တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်း (၁၅၀၀၀)ကျော်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ကိုဗစ်ကူးစက်ရောဂါကာလအတွင်းမှာ ကျင်းပရမှာဖြစ်တဲ့အတွက် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ကြမယ့် မဲရုံဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ရေးဆိုင်ရာနဲ့…

အသက် ၆၀နှင့်အထက် မဲဆန္ဒရှင်တွေ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ကြိုတင်မဲပေးရမည်

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်တွေဟာ အောက်တိုဘာလ (၂၉)ရက်နေ့မှာ ကြိုတင်မဲပေးရမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ပြောပါတယ်။ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေနဲ့ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေမှာ နေထိုင်တဲ့ အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေဟာ နေအိမ်မှာပဲ ကြိုတင်မဲပေးရမှာ ဖြစ်ပါတယ်။ Stay at home…

ကိုဗစ်ကာလ မွေးမြူရေးစျေးကွက်ပျက်စီးလို့ လုပ်ငန်းရှင်တွေ အရှုံးပေါ်

မော်လမြိုင် ၊ အောက်တိုဘာ (၂၇) ကိုဗစ်-၁၉ အကြပ်အတည်းကာလမှာ မွေးမြူရေးစျေးကွက်တွေ ပျက်စီးနေတာကြောင့် လုပ်ငန်းရှင်တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ရေးမြို့နယ်အတွင်းက ငါးမွေးမြူရေး ၊ ဘဲမွေးမြူရေးနဲ့ ကျောက်ပုဇွန် မွေးမြူရေးလုပ်ငန်းတွေဟာ ပြင်ပစျေးကွက်ပျောက်ဆုံးပြီး ဒေသတွင်းမှာ ထက်ဝက်စျေးနဲ့သာ ရောင်းချနေရပါတယ်။ အရင်က မွေးမြူရေး ကကတစ်ငါး တစ်ပိဿာကို ကျပ် ၈၀၀၀ ခန့်ရရှိခဲ့ပေမယ့် အခုတော့ ၄၀၀၀…

မဲရုံကိုယ်စားလှယ်(၇၀၀)ကျော်နဲ့ ရွေးကောက်ပွဲနေ့ကို မွန်ပါတီ စောင့်ကြည့်မည်

မော်လမြိုင် ၊ အောက်တိုဘာ (၂၆) မွန်ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ် (၇၀၀) ကျော် ထားရှိပြီး ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီက ပြောဆိုလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲရုံတစ်ရုံမှာ မဲရုံကိုယ်စားလှယ်တစ်ဦးနဲ့ အကူကိုယ်စားလှယ်တစ်ဦး ထားရှိပြီး ရွေးကောက်ပွဲနေ့မှာ စောင့်ကြည့်ခွင့် ရှိပါတယ်။ မွန်ညီညွတ်ရေးပါတီကတော့ ပြည်နယ်တစ်ဝှမ်းမှာ မဲရုံကိုယ်စားလှယ်(၇၀၀)ကျော် ထားရှိသွားမှာဖြစ်ပြီး ဒီအတွက်လည်း လိုအပ်တဲ့ သင်တန်းတွေကို ပို့ချထားပေးတယ်လို့ ဆိုပါတယ်။…