September 5, 2020

ကုလားကုတ်ကျွန်းက ရေလုပ်သား(၅၀၀)ကျော် မဲ‌ပေးနိုင်ရေး လုပ်ငန်းရှင်များ ကူညီမည်

ရေး ၊ စက်တင်ဘာ (၅) ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းက ရွှေ့ပြောင်းရေလုပ်သားတွေမဲပေးနိုင်ရေးအတွက် ကျွန်းနေ ရေလုပ်ငန်းရှင်တွေက ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ လမိုင်းမြို့ကနေ ရေလမ်းနဲ့ (၂) နာရီနီးပါး သွားရတဲ့ ကုလားကုတ်ကျွန်းမှာတော့ ရွှေ့ပြောင်းရေလုပ်သားတွေ အပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၄၀၀၀ ကျော်ရှိနေတာပါ။ ဒီဒေသမှာ လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းရေလုပ်သား (၅၀၀) ကျော် မဲပေးခွင့်ရအောင် လုပ်ငန်းရှင်တွေက ကူညီပေးမှာဖြစ်ပြီး…

မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးနေ

မော်လမြိုင် ၊ စက်တင်ဘာ (၅) မွန်ပြည်နယ်ရဲ့ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် တစ်အိမ်တက်ဆင်း စနစ်နဲ့ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေတယ်လို့ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြောပါတယ်။ ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာတုန်းကတော့ မဲစာရင်း အချက်အလက်မှားယွင်းမှုတွေ များပြားခဲ့တယ်လို့ မဲဆန္ဒရှင်တွေနဲ့ မဲစာရင်းစောင့်ကြည့်လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာတဲ့အချိန်မှာ မဲစာရင်း မှန်ကန်တိကျစေဖို့အတွက် ကော်မရှင်၊ ထွေအုပ်နဲ့ လဝကတို့ ပူးပေါင်းပြီးတော့…