NCA ကို လက်ခံသော်လည်း တန်းတူအခွင့်အရေး မရရှိသေးသည့်အတွက် ပင်လုံညီလာခံ မွန်ပြည်သစ် မတက်ရောက်

နေပြည်တော်၊ မေ ၂၅ – မွန်ပြည်သစ်ပါတီအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) လမ်းစဉ်အတိုင်း ဆောင်ရွက်လိုသော်လည်းအားလုံး ပါဝင်နိုင်ရေး နှင့် တန်းတူအခွင့်အရေးမရရှိသေးသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ညီလာခံကို မွန်ပြည်သစ်ပါတီ အပါအဝင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC) ပါ တက်ရောက်ခဲ့ခြင်းမရှိပေမယ့်လည်း UWSA အဖွဲ့ခေါင်းဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ (၇) ဖွဲ့တက်ရောက်ခဲ့ပြီး NCA လမ်းကြောင်းမဟုတ်ဘဲ ပြင်ပ လမ်းကြောင်း သစ်ဖြင့် ငြိမ်းချမ်းရေးကိုဆွေးနွေးလိုကြောင်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များက တောင်းဆိုထားသည်။

“လောလောဆယ် UNFC က ညှိနှိုင်းလို့မရလို့ မတက်ရောက်သေးတာဖြစ်တယ်။ ဒီညီလာခံမှာ ကလည်း အားလုံးသဘောတူနိုင်တဲ့အချက်ကိုပဲ ဆုံးဖြတ်ချက်ချမှာပါ။မွန်ပြည်သစ်ကတော့ NCA လမ်း ကြောင်းအတိုင်းသွားမယ်လို့ သူတို့ကြေငြာချက်ရှိပါတယ်။ UNFC နဲ့ တစ်သားတည်း ဖြစ်တဲ့အတွက် ဒီညီလာခံကို မတက်ရောက်တာဖြစ်တယ်။ ညီလာခံကို အထူးဖိတ်ကြားသူအနေနဲ့ဆိုရင် ဆွေးနွေး ခွင့်မရှိဘူး။ တန်းတူရည်တူ သက်မှတ်ခြင်း ခံရတဲ့အခါကျရင်တော့ သူတို့တက်ရောက်ဆွေးနွေးဖို့ရှိပါ တယ်” ဟု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပူးဆွဲဆွေးနွေးမှုကော်မတီ နိုင်ငံရေးပါတီအစုအဖွဲ့၏ အတွင်းရေးမှူး ဦးမင်းဇေယျာဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဧ။် ပင်လုံ ဒုတိယအစည်း အဝေးအဖွင့် မိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့မှာ NCA ကိုကျော်လွန်ပြီး လုပ်ဆောင်နေကြောင်း၊ ယခင်စာတမ်းများအရ ဖက်ဒရယ်ကို အလွန်အကျွံတောင်းဆိုထားကြောင်း သုံးသပ်ပြောကြားချက်များအပေါ် မွန်ပြည်သစ်ပါတီ နှင့် UNFC ၏သဘောထားအမြင်များအတွက် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌလည်းဖြစ် ၊ UNFC ဒုဥက္ကဌ လည်းဖြစ်သည့် နိုင်ဟံသာ ကို ဆက်သွယ်မေး မြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
image1
“ကျွန်တော်တို့မတက်ရောက်တာက တန်းတူညီတူ ပါဝင်ဆုံးဖြတ်ခွင့်မရှိတဲ့အတွက် ကျွန်တော် တို့မတက်ရောက်နိုင်တာဖြစ်တယ်။ NCA ဆိုတာ ကျွန်တော်တို့ကိုယ်တိုင်ဖော်ဆောင်ခဲ့တာဖြစ်တဲ့ အတွက် NCA အတိုင်းပဲသွားမှာပါ။ NCA မှာ ကျွန်တော်တို့တောင်းဆိုထားတာတွေ အဆင်မပြေတာ တွေအများကြီးပါ။” ဟု UNFC အတွင်းရေးမှူး ဦးထွန်းဇော်က ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ( MICC-2) တွင် မေ ၂၄ မှ ၂၈ အထိ (၄) ရက်ကြာ ကျင်းပလျက်ရှိပြီး မွန်ပြည်သစ်ပါတီအပါအဝင် UNFC မတက်ရောက်နိုင်သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA စသည့်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများက ဝပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA ဧ။် ဦးဆောင်မှုဖြင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ အဆိုပါ ညီလာခံသို့ အထူးဖိတ်ကြားသူများအဖြစ်တက်ရောက်လာခဲ့ကြသည်။

သတင်း – TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.