ငါးရံ့ကို အကြေးသင် ရေစင်စင်ဆေးထားပါ။ အိုးကို အပူပေးပြီး ပူလာလျှင် ဆန်လက်တဆုပ် ၏ သုံးပုံတစ်ပုံခန့်ကို လှော်ပါ။ ဆန်ကို နီလာသည်အထိလှော်ပါ။ ဆန်နီလာလျှင် ဓါးပြားရိုက်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ရေကိုထည့်ပါ။ ငါးထည့်ပါ။ ဆနွင်းအနည်းငယ်ထည့်ပါ။ ဆီကိုလည်း ဇွန်းတဝက်ခန့်ထည့်ပါ၊ဆားထည့်ပါ။ မီးဖုတ်ထားသော မျှင်ငပိထည့်ပါ။ ရေဆူလာပြီး ဆန်လှော်နူးလာ သည် အထိချက်ပါ။ ဆန်လှော်နူးလာလျှင် အပေါ့အငန်မြည်း ငရုပ်ကောင်းဖြူး နံနံပင်(သို့) ရှမ်းနံနံအုပ် သုံးဆောင်လို့ ရပါပြီ။
ပါဝင်သောပစ္စည်းများ။
၁။ ငါးရံ့။
၂။ ဆန်။
၃။ ဆား၊ ဆနွင်း။
၄။ ဂျင်း၊ စပါးလင်၊ ကြက်သွန်ဖြူ။
၅။ မီးဖုတ်ထားသော မျှင်ငပိ။
၆။ ဆီအနည်းငယ်။
၇။ နံနံပင်(သို့)ရှမ်းနံနံတို့ ဖြစ်သည်။