မော်လမြိုင် ဒီဇင်ဘာ ၂၀

လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ပေးခံထားရသည့် ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ်တွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမှ

ရဲတပ်ဖွဲ့ဝင်တို့ ပူပေါင်းဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီ ဝင်းနိုင်ဦးမှ သိရသည်။

ထိုတရားခံပြေးမှာ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသာ ခြံအလုပ်သမား (၅) ဦးကို လုပ်အားခမပေးဘဲ သတ်ဖြတ်မီးရှို့ခဲ့သည့်အတွက် လူသတ်မှုဖြင့် ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်၊ ဖက်ဘူရီရဲစခန်းတွင် (ပ) ၄၃၇၇/၂၅၅၆ တရားရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ တရားရင်ဆိုင်နေစဉ်တွင် အာမခံဖြင့် ခံဝန်ချက်ပေးထားရမှ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံ တရားရုံးမှ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ထားသည့် တရားခံပြေးဖြစ်ကြောင်း၊ ၎င်းအပြင် ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့်အရေးယူထားသည့် တရားခံပြေး တစ်ဦးလည်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး သမ်မာဝတ်က ရှင်းပြခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ရှင်းပြသည်။

ထိုတရားခံပြေးမှာ ထိုင်းနိုင်ငံသား Ph.D ဘွဲ့ရ (နှလုံး ဆီးချို အထူးကုသမားတော်ကြီး) ဒေါက်တာ ဆိုဖာတ် လာဝါဟန်ဝပ်ထနမ် (Suphat Lauhawatana) အသက် ၆၁ နှစ်ဖြစ်ကြောင်း၊ ထိုတရားခံပြေးကို မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

“သူကို လဝက အက်ဥပဒေ ပုဒ်မ ၁၃/၁ နဲ့ ဖမ်းဆီးထားတယ်၊ ဥပဒေအကြံပြုချက်ရပြီးရင်တော့ တရားစွဲမှာပေါ့ တရားစွဲပြီးရင် အထက်ကနေ ဘယ်လိုဆောင်ရွက်ရမလည်း ဆိုတာကို ညွှန်ကြားချက် ပေးလာမှာပါ၊ ညွှန်ကြားချက်အတိုင်း ကျနော်တို့ ဆက်လုပ်သွားမှာပါ” ဟု မော်လမြိုင်မြို့ မုပွန်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဝင်းဦးက ဆိုသည်။
15542092_552107744913746_5911942361161194439_n
ယခုအချိန်တွင် ထိုတရားခံပြေး ထိုင်းနိုင်ငံသားကို ဥပဒေအရ အရေးယူပေးရန် ဦးအေးမင်း (ဦးစီအရာရှိ မြို့နယ်ဦးစီမှူး၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန) မှ မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းတွင် (ပ) ၅၅၉/၂၀၁၆၊ ဖြစ်တရားလိုပြု အမှုဖွင့်ထားကြောင်း ရဲအုပ်ဝင်းဦးမှ သိရသည်။

သတင်း – ကြယ်နီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.