ရပ်ကျေးအုပ်စု ၅၇ ခုရှိနေသော ပေါင်မြို့နယ်တွင် ယနေ့အချိန်အထိ ရပ်/ကျေး အုပ်ချုပ်ရေးမှုးမခန့်နိုင်သေးသော ကျေးရွာ ၂ခုရှိနေသေးကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုးရုံးသို့မေးမြန်းအတည်ပြုချက်ရရှိခဲ့သည်။

“သဲကုန်းရွာက ပြသနာဖြစ်ပြီး ၁၀ အိမ်မှုးရွေးတဲ့အဆင့် ၊နဲ့ရပ်နေတယ်၊ မြလေးချောင်ရွာကရွေးပြီးပြီ မြို့နယ်အဆင့်က ခန့်စာထုတ်ပေးရမဲ့ အခြေအနေအဆင့်ရောက်နေပြီ ဒါပေမဲ့ အရွေးခံထားရတဲ့ သူက လယ်သမားတွေ ရေငန်တားတမံလုပ်တာကို သွားတားဆီးလို့ဆိုပြီးတိုင်စာတက်လာလိုံဆိုင်းငံ့ထားရတယ်လို့သိရတယ်“ ဟု ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးက တာဝန်ရှိသူတစ်ဦးကပြောဆိုခဲ့သည်။(စိုးသူရ ဒုဦးစီး)

၂၀၁၆ ဇန္နဝါရီလကစတင်ပြီးပေါင်မြို့နယ်တွင် ရပ်/ကျေးများအလိုက်အုပ်ချုပ်ရေးမှုး အသစ်ရွေးချယ်ပွဲများပြုလုပ်ခဲ့သော်လည်းသဲကုန်း၊ကျောက်ရေတွင်း ၊ကဒိုင်၊ မြလေးချောင် စသော ၄ရွာ၏ ရွေးချယ်မှုများကို တိုင်ကြားမှုများရှိသည်ဆိုကာ အသစ်ပြန်လည်ရွေးချယ်မှုပြုလုပ်ရန်ပြည်နယ်အစိုးရအဖွဲ့ကညွှန်ကြားထားသည်၊ ကဒိုင်၊ ကျောက်ရေတွင်း၊ မြလေးချောင်ကျေးရွာတို့တွင်ပြန်လည်ရွေးချယ်မှုများပြုလုပ်ခဲ့ပြီးနောက် ကဒိုင်နှင့်၊ကျောက်ရေတွင်းရွာများတွင်အုပ်ချုပ်ရေးမှုးအသစ်ခန့်အပ်ထားပြီးဖြစ်သည်။

သဲကုန်းကျေးရွာတွင်ကြီးကြပ်ရေးအဖွဲ့က ၁၀ အိမ်မှုးရွေးချယ်ခြင်းကိုအောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်ခဲ့စဉ် ၈၈ ကျောင်းသားလူငယ် ညီနောင်ပါ
တီမှဆိုသူ ကိုရွှေဝင်းက ၎င်း၏ အဖေါ် ၃ ယောက်နှင့်ရောက်လာပြီး မြို့နယ်မှလာရောက်ကြီးကြပ်သူများအား တားဆီးနှောက်ယှက်မှုပြုလုပ်သဖြင့် လုပ်ငန်းရပ်ဆိုင်းလိုက်ရပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ဆယ်အိမ်မှုးရွေးချယ်မှုပြန်စမည်ဟုသိရသည်။
ရွေးချယ်မှုအားနှောက်ယှက်ခဲ့သူ ကိုရွှေဝင်းအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့ မှခေါင်းဆောင် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးကတရားလိုပြုလုပ်ကာ ပေါင်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှုအားနိုဝင်ဘာ ၇ရက်နေ့က ပြုလုပ်ထားသည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.