ပေါင်မြို့နယ်မှအရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်မှ မြို့ခံပြည်သူများနှင့် တွေ့ဆုံကာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း ပြည်သူ့အသံနားထောင်ခြင်း အခမ်းအနားကို နိုင်ဘာ ၆ ရက်နေ့က ပေါင်မြို့ ကဒုံစီး တိုက်ကျောင်း ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။

ထိုသို့အခမ်းအနားပြုလုပ်ခြင်း နဲ့ ပတ်သက်၍ သတင်းမေးမြန်းခဲ့ရာ “လွှတ်တော်ရဲ့လုပ်ငန်းသဘောတရားကို ပြည်သူကိုသိစေချင်တယ်ပြည်သူရဲ့အသံကိုလည်း တရားဝင်ပြန်သိချင်တယ် ဒီလိုအခန်းအနားလုပ်ဖို့က ၄ယောက်လုံးအားအောင် အချိန်ညှိနေရလို့ နည်းနည်းနောက်ကျသွားတာပါ အချို့မြို့နယ်တွေပြီးပြီ အချို့မြိုံတွေလည်းမလုပ်ရသေးဘူး “ ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ် ၁၀ မှ ဦးစိုးသီဟ ကသံလွင်တိုင်းမ်သို့ပြောဆိုခဲ့သည်။

ပေါင်မြို့နယ်မှအရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် ၄ ယောက်နှင့် ပေါင်မြို့ခံပြည်သူ ၂၀၀ ခန့် တက်ရောက်ခဲ့သည့် အဆိုပါ အခန်းအနားတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ၊ မွန်ပြည်နယ်လွှတ်တော်တို့မှကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများကိုရှင်းလင်းဆွေးနွေးပြီး နောက် တက်ရောက်လာကြသောမြို့ခံပြည်သူများမှ မိမိတို့ ဒေသအတွင်း ဖြစ်ပေါ်ကြုံတွေ့နေရသည့် အခက်အခဲ လိုအပ်ချက်များအားတင်ပြခဲ့ကြသည်။

ပေါင်မြို့ခံပြည်သူများ၏ တင်ပြချက်များတွင် မြေယာပြသနာများကိစ္စ ၊ကျေးရွာမီးလင်းရေးကော်မတီများ၏ပွင့်လင်းမြင်သာမှု မရှိသည့် ငွေကြေးသုံးစွဲမှုကိစ္စ ၊ကျောက်မိုင်းကိစ္စ၊ မှတ်ပုံတင်ပြုလုပ်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်းကိစ္စ၊ ကျုံဟော်ကျေးရွာမှ လယ်သမားအချို့ စိုက်စရိတ်ချေးငွေမရသည့် ကိစ္စ၊ ဖွံ့ဖြိုါ်ရေး လုပ်ငန်းဘတ်ဂျက်များပွင့်လင်းမြင်သာခြင်း မရှိခဲ့ခြင်းကိစ္စ ယခင် သမဆိုင်နေရာများ တွင်မြို့နယ်သမဦးစီးကအိမ်လခဖြင်ံ မိသားစုအချို့ကိုနေထိုင်ခွင့်ပြုထားပြီး ထိုနေရာ များတွင်ပြည်သူအကျိုး၊ရှိမည့်ကိစ္စ ဆောင်ရွက်သင့်သည့် ပြသနာများ နှင့်ကျေးရွာလိုအပ်ချက် များအားတင်ပြခဲ့ကြသည်။

ဒေသခံပြည်သူများ၏တင်ပြချက်များအားလွှတ်တော်ကိုယ်စားလှယ်များကမှတ်တမ်းပြုလုပ်သွားကြပြီးနိုဝင်ဘာလတွင်ခေါ်ယူမည့်သက်ဆိုင်ရာလွှတ်တော်များ၌ တင်ပြသင့်သည်များကို တင်ပြဆွေးနွေးပေးမည်ဟု ပြန်လည်ရှင်းလင်းဆွေးနွေးသွားခဲ့ကြသည်။

အဆိုပါအခန်းအနားပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး မြို့ခံပြည်သူတို့၏ သဘောထားအမြင်ကို မေးမြန်းခဲ့ရာ “လွှတ်တော်နားချိန်တွေမှာ ဒီလိုပဲတွေ့ဆုံမှုတွေလုပ်စေချင်တယ်၊အကျိုးအမြတ်အနေနဲ့က ပြည်သူနဲ့ပိုပြီးနီးကပ်စွာထိတွေ့ ကြရလို့ သိသင့်တာတွေသိသွားနိုင်သလို ကူညီပေးနိုင်တာကိုလည်း လုပ်ပေးသွားနိုင် ကြမယ်လို့မျှော်လင့်ပါတယ်“ဟု ကဒါရပ်ကွက်နေ ကိုအောင်ကိုနိုင်က သံလွင်တိုင်းမ် ကိုပြောဆိုခဲ့သည်။

ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.