သံဖြူဇရပ်၊ နိုဝင်ဘာ ၁၀

သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦး ဖခင်၏စည်းရုံးမှုကြောင့် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးဖြတ်ကုသမှု ခံယူခဲ့ကြောင်း သိရသည်။<!--more-->

အဆိုပါဆေးဖြတ်လိုသူလူငယ်မှာ သံဖြူဇရပ်မြို့နယ် ပဒံငံလေးကျေးရွာမှဖြစ်ပြီး ထိုင်းတွင် ငါးနှစ်ခန့် သွားရောက်ပြီးအလုပ်လုပ်ကိုင်ခဲ့ကာ မူးယစ်ဆေးဝါးစွဲလာသောခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို ဆေးဖြတ် ချင်ရင် မဖမ်းဆီးပဲ သက်ဆိုင်ရာအဖွဲ့များနှင့် ဆက်သွယ်ပြီးဆေးဖြတ်ခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးအုန်းသော်မှ ပြောသည်။

“ကျွန်တော်တို့အဖွဲ့က ပြုစုကုသရေးအပိုင်းကို ဦးတည်သွားမှာဖြစ်ပါတယ်။ ဆေးဖြတ်သူတွေက ဆက် သွယ်လာခဲ့ရင် ကျွန်တော်တို့က မြို့နယ်အာဏာပိုင်ရဲတပ်ဖွဲ့မှူးနဲ့တိုင်ပင်ပြီး ပြည်နယ်မှာရှိတဲ့ MANA မူးယစ် ဆေးဝါးဖြတ်ဖို့ ကူညီပေးနေတဲ့အဖွဲ့နဲ့ ချိတ်ဆက်ပူးပေါင်းပြီး မော်လမြိုင်ဆေးရုံကြီး မူးယစ်ဆေးဖြတ်ဌာနကို ပို့ဆောင်ပေးတာပါ”ဟု ယခုဆေးဖြတ်လိုသူ မောင်အေးခင်ဇော်အား ပို့ဆောင်ပေးခဲ့သူ အရပ်ဘက်အဖွဲ့စည်းမှ ဦးငွေမိုးနှင့် ဦးဝင်းဌေးတို့ထံမှသိရသည်။

“အစကတော့ဘယ်သူ့စကားမှနားမထောင်ဘူူး။ နားမဝင်ခဲ့ဘူး။ ကောင်းတယ်လို့ပဲထင်ခဲ့တယ်။ နှစ်နှစ် နီးပါးလောက်ကျွန်တော်သုံးစွဲခဲ့တယ်။ အမှန်တော့ဒီဆေးဟာအရူးဆေးပါ။ ကျွန်တော်တို့လူငယ်တွေကို ရူး အောင်လုပ်နေတာပါ။ ဒီဆေးရဲ့ပန်းတိုင်ကတော့အရူးဖြစ်ဖို့ပါပဲ”ဟု ဆေးလာဖြတ်သူလူငယ်မှပြောသည်။

ယနေ့အချိန်ထိ မွန်ပြည်နယ်ဆယ်မြို့နယ်မှ MANA အဖွဲ့သို့ လာရောက်ချိတ်ဆက်ပြီး ဆေးလာဖြတ်သူ (၁၉)ဦးခန့်ရှိပြီဖြစ်ကြောင်း မော်လမြိုင်(MANA)အဖွဲ့ အတွင်းရေးမှူးဦးမြတ်ထွန်းထံမှသိရသည်။

သတင်း – ကျဲရော့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.