ကျိုက်ခမီ၊ နိုဝင်ဘာ ၁၆

ကျိုက်ခမီမြို့တွင် သတင်းအရ မြို့နယ်သစ်တောနှင့် နယ်မြေရဲစခန်းမှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးမှူး ဦးလှမြင့်ဦးနှင့်သစ်တောဝန်ထမ်းများ ကျိုက္ခမီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်ဆန်းနှင့်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ(၁၁)ရက်နေ့ က ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက် ဝက်သိုးရပ်၊ ဝိဇယလမ်းတွင် စုပုံထားသည့် သစ်များကို သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါသစ်ခွဲသားပိုင်ရှင်မှာ မုဒုံမြို့မှ သိန်းထွန်း(ခ)အထွန်းဖြစ်ပြီး အဆိုပါသစ်များမှာ ၎င်းပိုင်ဆိုင် သည့် တနသာၤရီတိုင်း ရေဖြူမြို့နယ် မလွှဲတောင်အနီးရှိ ဥယျာဉ်ခြံမှထွက်ရှိသော လေသရက်အမျိုးအစား သစ်ခွဲသားများဖြစ်ပြီး ကျိုက္ခမီမြို့ရှိလှေပိုင်ရှင်များထံ လာရောက်ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်။

သံဖြူဇရပ်မြို့နယ်သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ခွဲသားများသယ်ဆောင်လာသူ သိန်းထွန်း(ခ) အထွန်းပေါ် သစ်တောဦးစီးဌာနမှ သစ်တောဥပဒေပုဒ်မ(၃၃)ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း – %e1%80%80%e1%80%ba%e1%80%ad%e1%80%b3%e1%80%80%e1%80%b9%e1%80%81%e1%80%99%e1%80%ae%e1%80%9e%e1%80%85%e1%80%b9%e1%80%96%e1%80%99%e1%80%b9%e1%80%b8%e1%80%99%e1%80%ad (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.