December 2016

ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ပေးခံထားရသည့် ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦး မွန်ပြည်နယ်တွင် ဖမ်းဆီးရမိ

မော်လမြိုင် ဒီဇင်ဘာ ၂၀ လူသတ်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း အပြစ်ပေးခံထားရသည့် ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦးကို လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရာမည ဟိုတယ်တွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမှ

ပွဲတော်တွေက လောင်းကစားပွဲ ဘယ်လိုအရေးယူမလဲ

အစိုးရသစ်လက်ထက် လောင်းကစားမှုတွေကို အရေးယူသွားမယ်ဆိုပြီး အစိုးရသစ်၏ ပြောဆိုမှုမှာ လူထုကြားထဲ အတော်လေးစိတ်ဝင်စားခဲ့ကြသည်။ သို့သော် လောင်းကစားမှုတွေ လျော့ပါးခဲ့သလား။ ပိုမိုများပြားခဲ့သလားဆိုသည်မှာလည်း ပြည်သူတွေ ကြားမှာ အသံဆူညံနေသည်။ အထူးသဖြင့် ပွဲလမ်းသဘင် <!--more--> များတွင် လောင်းကစားမှုများပြားနေခြင်းကိစ္စမှာလည်း ပြည်သူကြားထဲ ဝေဖန်မှုမြင့်တက်နေသည်။ ထိုသို့သော အထွေထွေကိစ္စရပ်များနှင့်ပတ်သက်ပြီး နယ်ပယ်အသီးသီးမှ ပြည်သူများ၏ အသံကို ဖော်ပြလိုက်ပါသည်။ ဦးမင်းစိုး မုဒုံမြို့ ပွဲလမ်းသဘင်၊…

ကြုံရာဆုံရာ တစ်မိနစ်တာ

လက်ရှိသူတို့ဘာတွေလုပ်နေလဲ။ အနုပညာရှင် တစ်ချို့က ယခုလိုပြောထားပါတယ် ဝေလ (တေးသံရှင်) တေးသံရှင် ဝေလဟာ အဓိပတိဖွား ဆိုတဲ့ အယ်လ်ဘန် နဲ့ ပရိတ်သတ်အားပေးမှု တခဲနက် ရရှိခဲ့ပြီးနောက် နိုဝင်ဘာလ (၃)ရက်နေ့ကလည်း တေးသီချင်း(၃) ပုဒ်သာပါဝင်သည့် ၎င်းရဲ့ မီနီအယ်လ်ဘန်ကို ပရိတ်သတ် တွေဆီအရောက် ချပြခဲ့ပါတယ်။ ဒီသီချင်းအယ်လ်အန်အကြောင်းနဲ့ပတ်ပြီး ဝေလက “ဒီအခွေထဲမှာက

မုဒုံ၊မြို့မ(၂)ရပ်ကွက်တွင်၊Bပိုးကာကွယ်ဆေးလာရောက်ထိုးနှံသူများပြား

မုဒုံ နိုဝင်ဘာ ၁၅ မုဒုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(National League forDemocracy)မှဦးဆောင်၍၊မုဒုံမြို့ပေါ်ရှိရပ်ကွက်အသီးသီး၌Bပိုးကာကွယ်ဆေးအားအခမဲ့ထိုးနှံပေးလျှက်ရှိရာမြို့မ(၂)ရပ်ကွက်အတွင်းနေထိုင်သူများမှအခြားရပ်ကွက်နေသူများထက်လာရောက်ထိုးနှံခြင်းများပြားကြောင်းယင်းအဖွဲ့ထံမှသိရှိရသည်။

သံဖြူဇရပ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ပြည်သူများနှင့် တွေ့ဆုံ

သံဖြူဇရပ်၊ နိုဝင်ဘာ ၁၅ ပြည်သူလူထု၏ ရင်တွင်းခံစားချက်များကို သိရှိနိုင်ရန်အတွက် သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြည်သူများနှင့် တွေ့ဆုံပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာ ကိုးသန်းကိုးသိန်းကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မီးသတ်မှ ဆောင်းမဝင်ခင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပေါင်၊ နိုဝင်ဘာ ၁၅ ဆောင်းအဝင် အရှေ့လေကျရောက်သည့်ကာလမတိုင်မှီတွင် ပေါင်မြို့နယ်မီးသတ်မှ လေတိုက်ခတ်ချိန် တွင် မီးလောင်မှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်မှုများ ပြုလပ်နေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဆောင်းဘောက် ဖွင့်လှစ်ခြင်း စိစစ်ကြီးကြပ်မှုပြုလုပ်ရန် ညွှန်ကြားထား

ပေါင်၊ နိုဝင်ဘာ ၁၇ ပေါင်မြို့နယ်တွင် ပွဲတော်ကာလနှင့် အခြားသောရက်များအတွင်း ဆောင်းဘောက် ဖွင့်လှစ်ခြင်းအပေါ် စိစစ်ကြီးကြပ်မှုပြုလုပ်ရန် ညွှန်ကြားထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။<!--more--> ဆောင်းဘောက်ဖွင့်လှစ်ခြင်းအပေါ် ပြည်သူများက တိုင်ကြားမှုများရှိနေပြီး အသံချဲ့စက်အသုံးပြုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းအားလည်း စိစစ်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။ “ကျွန်မတို့ အိမ်နားမှာ ကထိန်ခင်းတာရှိတယ်။ ဆောင်းဘောက် ၂ လုံးက အကျယ်ဆုံး အပြိုင်အဆိုင် ထုနေကြတာ အိမ်မှာဘယ်လိုမှနေလို့မရဘူး။…

လူသတ်မှုဖြင့် အရေးယူခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၇ ဦး အမှုကို နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်

သထုံ၊ နိုဝင်ဘာ ၁၇ ခိုးမှုသံသယဖြင့် ဖမ်းဆီးထားသူအား အသက်သေဆုံးသည်အထိ စစ်ဆေးခဲ့သည့် သထုံခရိုင် ရဲတပ်ဖွဲ့ မှုးရုံးမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း သထုံခရိုင် တရားရုံးထံမှ သိရသည်။ သထုံခရိုင် တရားရုံးတွင် ရုံးချိန်းပေါင်း…

လျှပ်စစ်မီး ရရှိရေး လျှပ်စစ်ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မုဒုံ ကော့ပရံကျေးရွာ ဒေသခံများ တွေ့ဆုံ

မုဒုံ၊ နိုဝင်ဘာ ၁၆ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ လျှပ်စစ်မီး အသုံးပြုခွင့် ရရှိရေးအတွက် မွန်ပြည်နယ် လျှပ်စစ် စွမ်းအင်နှင့် စက်မှုဝန်ကြီး၊ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် ဒေသခံများ တွေ့ဆုံပွဲကို နိုဝင်ဘာ (၁၂) ရက်၊ မွန်းလွဲပိုင်းတွင် ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။